Part 14 ( အမိန့်အမှာစာ ပါးလိုက်သည်)

4.5K 696 47
                                    

အပိုင်း ၁၄ ( အမိန့်အမှာစာ ပါးလိုက်သည်)

"သူ........ထွက်သွားပြီလား။ တကယ်ကြီး..."

"အင်း။ ထွက်သွားပြီ...."

နေ့လည်ခင်းပင်ရောက်ချေတော့မည်ဖြစ်သည်။ အန်းလု ညကချီရှန်းဆီမှ ထွက်လာခဲ့ပြီးနောက် အဆောင်ရောက်ရောက်ခြင်း အနည်းကျည်းတော့ အတွေးများနေခဲံပြီးနောက် အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ကျင့်ချီက သူနှင့်မလှမ်းမကမ်းရှိထိုင်ခုံတွင် ထိုင်နေသည်။ အန်းလုကမူ ကုတင်ပေါ်တွင် ထိုင်နေလေ၏။ ကျင့်ချီက ထလိုက်သည်။

"အပြင်မှာ နေဖို့နေရာကိုပါစီစဥ်ထားပြီးပြီ။ ညနေဘက်ကို ကိုယ်လုပ်တော် နေမကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်း အသိပေးကြတာပေါ့။"

"ကောင်းပြီ။"

အန်းလုက ခေါင်းကိုငုံ့ကာ အသံခပ်တိုးတိုးဖြင့်သာ ဖြေလိုက်သည်။

စိတ်ထဲတွင် ချီရှန်းကို အားနာမိသည်။ သူ့ရဲ့အပြုအမူတိုင်း စကားလုံးတိုင်းက ချီရှန်းအတွက် အလွန်အရေးပါသည်ကို သူသိသည့်အတွက် ထိုစကားကြမ်းများက ချီရှန်း၏နှလုံးသားအား မည်မျှအထိ ရိုက်ခတ်နိုင်သည်ကို သူနားလည်သဘောပေါက်သည်။

တဖက်ရှိ သူအကူအညီပေးချင်သည့် ကိစ္စသည်လည်း လက်တလောတွင်တော့ ချီရှန်းကို အသိပေးရန်မဖြစ်နိုင်သည့်ကိစ္စပင်။ တကယ်ဆိုလျှင် သူဒီဘက်သို့ ပြန်လည်ရောက်ရှိလာသည်ကိုက မဖြစ်သင့်ပေ။

အန်းလုက သူ၏ခေါင်းကိုသာဆက်ငုံ့နေပြီး လက်နှစ်ဖက်က စောင်ပုံပေါ်တွင် ချကာထို လက်နှစ်ဖက်ကိုသာ အကြာကြီးဆိုက်ကြည့်နေသည်။ သူ၏ပုံစံက အသိစိတ်လွတ်ကာ ငြိမ်ကျနေသည့် သူတစ်ယောက်နှင့် ဆင်တူနေ၏။ ကျင့်ချီကအန်းလုကို ကြည့်ရင်း

"ဘာဖြစ်လို့လဲ။ မနေ့ညက ဘုရင်ချီရှန်းနဲ့များ....... တော်တော်ကြီးတဲ့ကိစ္စဖြစ်ခဲ့လို့လား။"

"ဟင်...မဖြစ်ပါဘူး။ ဘာလို့လဲ။"

"ကျွန်တော်ကြားမိတယ်။ ဘုရင်ချီရှန်းက သူ့အ​ဆောင်တော်က ပစ္စည်းတွေအားလုံးကို ဖျက်စီးပစ်လိုက်တယ်တဲ့။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now