Part 39 (မင်းအနားမှာ ကိုယ်ရှိတယ်)

1.9K 375 13
                                    

အပိုင်း ၃၉ ( မင်းအနားမှာ ကိုယ်ရှိတယ်)

" အမတ်ချီက အခုချိန်ထိပြန်မလာသေးပါလား။

အားလော့....ဝူရှဲ့ကိုတချက်သွားစစ်ဆေးကြည့်လိုက်။"

ချီရှန်းက ဥယျာဥ်တော်ထဲရှိ နားနေဆောင်တွင် အမတ်ချီအားထိုင်စောင့်နေခဲ့သည်မှာ တစ်နာရီနီးပါးပင်ရှိချေပြီဖြစ်သည်။ ချီကျန်းရှီက ဝူရှဲ့အဆောင်တွင် မြေပုံကြမ်းကိုသွားယူခြင်းဖြစ်တာကြောင့် ချီရှန်းကဥယျာဥ်တော်တွင် ထိုင်စောင့်နေခြင်းပင်။ ထိုလူ၏အလုပ်ကြိုးစားမှုကို သူသဘောကျနှစ်သက်မိတာကြောင့် ယခုနောက်ပိုင်း နိုင်ငံရေးကိစ္စရပ်တော်တော်များများကို သူနှင့်တိုင်ပင်ဆွေးနွေးဖြစ်ကြသည်။ များစွာသော အကြံဉာဏ်တို့ကိုလည်း ရခဲ့တာကြောင့် ချီရှန်းက ထိုတယောက်အပေါ်တွင် အားရကျေနပ်မိသည်။ အားလော့က ချီရှန်းအားဂါရဝပြုကာ အမိန့်ကိုနာခံရန်ပြင်လိုက်သည်။

" အမိန့်အတိုင်းပါ ။ အားလော့ သွားကြည့်လိုက်ပါ့မယ်။"

အားလော့ တဖက်သို့အလှည့်တွင်ပင် ရုတ်တရက်ရဲမက်တစ်ဦးက အလျင်စလိုပြေးလာသည်ကိုမြင်လိုက်ရသည်။

" အရှင်...အရှင်မင်းကြီး။"

ထိုလူက အမောဖြေခြင်းမရှိပဲ ချီရှန်းကိုသာ တစ်ခုခုလျောက်တင်ရန်လောကြီးနေတာကြောင့် အားလော့ကိုသူ့ကိုအော်လိုက်သည်။

" ဘာကိစ္စရှိလို့ အရှင့်ရှေ့မှာတောင် ဒီလိုအပြုအမူမျိုးဖြစ်နေရတာလဲ။ "

"ဟို....ဟို...ဝူရှဲ့အဆောင်မှာ အမတ်ချီနဲ့ နန်းတွင်းသူတစ်ဦးမေ့မြောပြီး ကြမ်းပြင်မှာလဲနေတာကိုတွေ့လို့ပါ။ "

"အမတ်ချီနဲ့ နန်းတွင်းသူတစ်ယောက်...."

ချီရှန်းက ရေနွေးကြမ်းခွက်ကိုမော့လို​က်ရင်းမှ ထိုရဲမက်၏စကားကြောင့်ရပ်တန့်လိုက်မိသည်။ ထို့နောက် ရေနွေးကြမ်းခွက်အား စားပွဲပေါ်တွင်ပြန်ချလိုက်ရင်း

" အဆင်ပြေရဲ့လား သမားတော်ကိုတခါတည်းခေါ်သွားလိုက်။ ကိုယ်တော်လည်း လိုက်လာခဲ့လိုက်မယ်။ "

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now