Chapter ..4

35.6K 1.6K 110
                                    

ဘယ်တော့မှမချစ်နိင်လောက်တော့ဘူးလို့ထင်နေတဲ့လူသားတစ်ယောက်ကအထီးကျန်ခြင်းတွေအဖော်မဲ့ခြင်းတွေနဲ့ဖြတ်သန်းနေရတဲ့အချိန်ကအခက်ခဲဆုံးပါဘဲ...။

တယောက်တည်းနေထိုင်ရတာကလူအများအမြင်မှာအေးချမ်းတယ်လွတ်လပ်တယ်လို့ထင်နေကြပေမဲ့တကယ်လက်တွေ့မှာတေည်ကြိုးမဲ့စွန်ဆိုနာကလည်းပိုင်ရှင်မရှိရင်သိပ်အားငယ်ရပါတယ်...အဖော်မဲ့လွန်းတဲ့ကမ္ဘာလေးထဲကလေးဝင်လာပြီးချိန်မှာတော့ဒါတွေကအတိတ်ကရယ်စရာလေးတွေအဖြစ်သာကျန်ရစ်ခဲ့ကြတယ်..။

Bossရဲ့အမိန့်ပေးမူကြောင့်ထိုကောင်လေးရှိသည့်အရက်ဝိုင်းဆီရာသို့သူရလျှောက်လာလိုက်လေသည်..သူအနားရောက်သွားသည့်အခိုက်ထိုအရက်ဝိုင်းကလူတွေရဲ့အကြည့်ကသူရတစ်ယောက်ဆီကိုသာကျရောက်လာလေသည်..။

"ကျွန်တော်ပြောစရာရှိလို့..ခနလောက်စကားပြောလို့ရမလား"

အရက်ဝိုင်းကလူတချို့ရဲ့ခွင့်ပြုသည့်သဘောခေါင်းငြိမ့်ပြမူနှင့်အတူ..

"ဒီလိုပါ...ဒီကကောင်လေးကိုကျွန်တော်တို့Bossဆီခေါ်သွားချင်လို့"

သူရစကားကြားလိုက်သည်နှင့်နဂါးနှင့်ဒေါ်ဝင့်ဝါတို့ကအသီးသီးမျက်နှာရိပ်မျက်နှာကဲနှင့်မျက်ခုံးပင့်ကာအချက်ပြလိုက်လေသည်..။

"စိတ်တော့မရှိပါနဲ့ညီလေး...ဒီကောင်လေးကို
အခုဘဲဒီကပါတနာကိုဌားလိုက်ပြီ...ညီလေးကအလာကောင်းပေမဲ့အခါနှောင်းသွားပြီ"

"ဘယ်လောက်ပေးရမလဲ...ကြိုက်သလောက်ပြော"

သူရအနောက်ကအသံကြားလိုက်သောကြောင့်လှည့်ကြည့်လိုက်သောအခါတည်ငြိမ်သောအသံနှင့်ခန့်ညားသောဟန်ပန်နှင့်အတူBossကိုတွေ့လိုက်ရလေသည်..။

"ဒီကောင်လေးကိုဝယ်ချင်လို့..ဘယ်လောက်ပေးရမလဲ...ကြိုက်သလောက်ပြော..သူလေးကိုပိုင်ရဖို့ကကျွန်တော်အတွက်ဘယ်အရာကမှအရေးမပါဘူး"

"နားလည်မူလွဲနေပြီထင်တယ်...ဒီကောင်လေးကဌားဖို့ဘဲ...ရောင်းဖို့မဟုဘူး..ပြီးတော့ဒီကပါတနာကအရင်ဌားသွားပြီဆိုတော့..."

နဂါးစကားလက်စမပြတ်ခင်မှာပင်..

"ဘယ်သူများလဲမှတ်တယ်...မဟာကုမ္မဏီကလူကြီးလူကောင်းကိုး...ကျွန်တော်ကိုဦးစားပေးမယ်မလား"

ကကြိုးရုပ်[ Complete ]Where stories live. Discover now