part - 1

25.5K 875 12
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁ )

ကျယ်ဝန်းသော ခြံကြီးထဲရှိ မြေကွက်လပ်တွင် လေးနှစ်အရွယ် ကလေးငယ်သုံးယောက်သည် ဝိုင်းဖွဲ့၍ ကစားရန် တိုင်ပင်နေကြသည် ။

"ငါတို့ ဘောလုံးကန်ရအောင် "

ခပ်နွမ်းနွမ်း အဝတ်အစားဝတ်ထားသော ကလေးငယ်တစ်ယောက်က ပြောသည် ။

"ဟုတ်တယ် ။ ငါတို့ ဘောလုံးကန်ကြမယ် မင်းခန့် ။ ဒီတစ်ခါ ယံယံ မင်း ဂိုးဖမ်းလှည့်ပဲ ။ ငါနဲ့ မင်းခန့်နဲ့က ဂိုးသွင်းမယ် "

တစ်ကိုယ်လုံးနီးပါး သနပ်ခါးအပြည့်လိမ်းကျံထားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ကလေးငယ်က မင်းခန့်ဆိုသော ကလေး၏ စကားကို ထောက်ခံသလို ပြောသည် ။

မိုးသောက်ယံသည် မျက်နှာရှုံ့မဲ့ပြီး မင်းခန့်နှင့် ကျော်ကျော့်ကို မကျေမနပ် စိုက်ကြည့်လေသည် ။

"ငါ ဂိုးမဖမ်းနိုင်ဘူး ။ ငါက ဘောလုံးပဲ ကန်မှာ ။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က ဂိုးဖမ်း "

မိုးသောက်ယံ၏ စကားဆုံးသော် မင်းခန့်နှင့် ကျော်ကျော်တို့သည် စိတ်တိုဒေါသထွက်သွားကြသည် ။ မိုးသောက်ယံသည် လိုက်ပြေး ၊ ပြေးတမ်း ကစားမည်ဆိုလျှင်လည်း ရှေ့ဆုံးက ပြေးချင်သည် ။ သူ့အလှည့် လိုက်ဖမ်းရမည်ဆို ခေါင်းတခါခါနှင့် မျက်နှာစူပုတ်ပြီး ငြင်းဆန်တတ်သည် ။ အမြဲတမ်းလိုလို မိုးသောက်ယံ၏ သဘောတိုင်းသာ သူတို့ ကစားကြရသည် ။

"ယံယံ မင်းက အမြဲ အဲ့ဒီလိုပဲ ။ အကျင့်ပုတ်တယ် ။ ငါတို့ မင်းနဲ့ မကစားတော့ဘူး ။ ငါတို့ဘာသာ သွားကစားရအောင် ကျော်ကျော် "

မင်းခန့်က မကျေမနပ်ပြောပြီး ကျော်ကျော့်လက်ကို ဆွဲကာ ခြံဝန်းထဲမှ ထွက်သွားသည် ။ မိုးသောက်ယံသည် မင်းခန့်နှင့် ကျော်ကျော့်ကို ကြည့်ပြီး စိတ်တိုကာ အနားရှိ ဘောလုံးကို ဒေါသပုံချပြီး ညာဘက်ခြေထောက်နှင့် အားကုန် လွှဲကန်သည် ။

"မင်းတို့ မကစားလည်း နေကြ ။ ငါ့မှာ ဂိမ်းစက်ရော ၊ စက်ရုပ်တွေရော အများကြီးရှိတယ် ။ မင်းတို့ကို ပေးမဆော့ဘူး ။ ငါတစ်ယောက်တည်းပဲ ဆော့မယ်"

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now