part - 3

6.7K 606 11
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၃ )

" သား...ရှိုင်း"

" ဗျာ...အန်​တီ "

" ဒီမှာ မင်းအတွက်​ အဝတ်​အစား​တွေ အန်​တီ စျေးက ဝယ်​လာခဲ့တယ်​ "

ရှိုင်းသည် အဝတ်​အစားအိတ်​​လေးကို လှမ်းယူရင်း ရင်​ထဲမှာ ကြည်​နူးမိသည်​ ။ ထို့နောက် ကျေးဇူးတင်စကား ဆိုမိသည် ။

"​ကျေးဇူးတင်​ပါတယ်​ အန်​တီ "

"​ကျေးဇူးတင်​ဖို့ မလိုပါဘူးကွယ်​ ။ သားက အန်​တီတို့ရဲ့ မိသားစုဝင်​ဖြစ်​သွားပြီပဲ "

ထိုအချိန်​တွင် မိုးသောက်ယံသည် ​ရောက်​လာပြီး ​ဒေါ်ခင်နွယ် နှင့် ရှိုင်းကို ကြည့်ကာ မျက်​နှာစူပုတ်​သွား​လေသည်​။

"​မာမီ သားအတွက်​ ဝယ်​လာတာလားဟင်​ "

"မဟုတ်​ဘူး ယံယံ။ ရှိုင်း​အတွက်​ အဝတ်​အစား​တွေ ဝယ်​လာ​ပေးတာ "

မိုးသောက်ယံ၏ မျက်နှာက ပို၍ မဲ့သွားသည် ။

"​မာမီ ၊ သူ့ကို ​ဒယ်ဒီက သားအတွက်​ ကစားဖို့ အ​ဖော်​​ခေါ်လာ​ပေးတာ​လေ ။ မာမီက ဘာလို့ သူ့ကို ဂရုစိုက်​​နေရတာလဲ "

"ဘယ်​လို​ပြောလိုက်​တာလဲ ယံယံ ။ ရှိုင်းက သားရဲ့အစ်ကို ဖြစ်​သွားပြီ​လေ ။ ယဉ်​ယဉ်​​ကျေး​ကျေး​ပြောရမယ်​​နော် "

"​မပြောဘူး ။ သူက သားရဲ့ အစ်ကို မဟုတ်​ဘူး ။ သားနဲ့ ကစားဖို့ ​ဒယ်ဒီက ဝယ်​လာ​ပေးထားတဲ့ သူ အဟင့်..ဟင့် "

မိုးသောက်ယံက ငိုပြီး ထွက်​​ပြေးသွား​လေသည်​။ ​ဒေါ်ခင်နွယ်သည် ​ခေါင်းမာ​သော သားလေး​ကြောင့် စိတ်​ရှုပ်​စွာ ​ခေါင်းခါမိသည်​။ ထို့​နောက်​ ​ဘေးမှာ မျက်​နှာငယ်​​လေးနှင့် ထိုင်​​နေ​သော ရှိုင်းကို ကြည့်ရင်း နူးညံ့စွာ ပြုံးပြလိုက်သည် ။

"ယံယံက နည်းနည်းဆိုးတယ်​။ ဒါကလည်း အန်​တီတို့ အလိုလိုက်​ခဲ့လို့ပါကွယ်​ ။ သားက အကြီးဆို​တော့ နားလည်​​ပေးလိုက်​ပါ​နော်​ "

"ဟုတ်​ကဲ့ပါ အန်​တီ ။ ကျွန်​​တော်​ ယံယံ့ကို နားလည်​ပါတယ်​ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now