part-15

4.9K 431 9
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၅ )

သူ တစ်ခါမှ မမြင်ဖူးခဲ့သော ဒယ်ဒီ့ဒေါသတွေက ကြောက်စရာကောင်းလွန်း၍ မိုးသောက်ယံ၏ ကိုယ်လေး တုန်ယင်နေသည် ။

"ရှိုင်းရဲ့ စေ့စပ်ပွဲက မင်းနဲ့ ဘာဆိုင်လို့လဲ မိုးသောက်ယံ ။
ရှိုင်းကို ခေါ်လာမိတဲ့အတွက် ငါ သိပ်နောင်တရတယ် ။ မင်းက သူများကိုပဲ တွယ်ကပ်ပြီး ပျော့ညံ့နေတဲ့ ကောင် "

မိုးသောက်ယံသည် ဒယ်ဒီ့ ဒေါသလေသံနှင့် ရင့်သီးသောစကားလုံးတွေအောက် ခေါင်းငုံ့၍ တိတ်ဆိတ်နေမိသည် ။ ဝမ်းနည်းစိတ်က လှိုက်တက်လာပြီး ငိုချင်လာသော်လည်း မျက်ရည်မကျရဲပေ ။ သူ့မျက်ရည်မြင်လျှင် ဒယ်ဒီ ဒေါသပိုထွက်မှာ စိုးသောကြောင့်ပင် ။

"မင်း ကိုယ့်ဘာသာ နေတတ်အောင် ကြိုးစား ။ ရှိုင်းရဲ့ စေ့စပ်ပွဲကိုလည်း ငါ မတားဘူး ။ ကိုယ့်အကျင့် ကိုယ်ပြင်စမ်း မိုးသောက်ယံ ။ နောက်တစ်ခါ ဒီလို အသုံးမကျတဲ့ပုံစံမျိုး မမြင်ချင်ဘူး ။ ကြားလား "

"ဟုတ် "

မိုးသောက်ယံ ငိုမဲ့မဲ့မျက်နှာနှင့် ပြန်ဖြေလိုက်သည် ။

"သွားတော့ "

ခေါင်းငိုက်စိုက်နှင့် သူ့အခန်းဆီ ပြန်လာခဲ့သည် ။ ထို့နောက် အခန်းတံခါးပိတ်ပြီး ကုတင်ပေါ် ပစ်လှဲကာ ရှိုက်ငိုမိသည် ။ သူ့ကို သိပ်ချစ်သည့် ဒယ်ဒီကတောင် အပြစ်မြင်နေပြီ ။ ဒယ်ဒီလည်း မကူညီဘူးဆိုမှတော့ ရှိုင်းကို ထွက်မသွားအောင် သူ ဘယ်လို ဆွဲထားရတော့မည်နည်း ။

မိုးသောက်ယံ၏ ပါးပြင်ထက်သို့ မျက်ရည်တွေက အထိန်းအကွတ်မဲ့စွာ စီးကျလာသည် ။ အမြဲတမ်း လိုချင်တာရခဲ့ပေမယ့် ရှိုင်း၏ နှလုံးသားကို ရဖို့အတွက်ကျ ဘာကြောင့် သည်လောက်ထိ ခက်ခဲနေရတာလဲ ။

"ဘာကိုမှ အနိုင်မရတော့ရင် နေပါစေ ။ ရှိုင်းကိုတော့ မဆုံးရှုံးပါရစေနဲ့ "

မိုးသောက်ယံ၏ စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်မိလေသည် ။

⚡⚡⚡⚡⚡⚡⚡⚡⚡

ဦးမိုးမြင့်နှင့် ​ဒေါ်ခင်နွယ်သည် ရှိုင်း၏ ​​ဘေးမှာ ထိုင်​​နေသည့် ဒေါ်ခတ္တာကို အကဲခတ်​နေကြသည် ။ ​ဒေါ်ခင်နွယ်၏ ဖိတ်ကြားမှုကြောင့် ရှိုင်းက သူ့အမေကို အိမ်​ခေါ်လာခဲ့ခြင်းဖြစ်​သည်​။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now