part-14

4.8K 418 18
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၄ )

"​ဟေ့....ခတ္တာ "

"ဪ မသိန်းပါလား ။ အိမ်​ထဲဝင်​ပါဦး "

​မသိန်းက မျက်​နှာမဲ့ပြီး အိမ်​ထဲကိုဝင်​၍ ထိုင်​သည်​။

"ငါ ဘာလို့လာတာလဲ ။ ညည်း သိတယ်​မဟုတ်လား ခတ္တာ "

"ဟုတ်​ကဲ့ပါ မသိန်းရယ်​။ ဟို...ကျွန်​မကို ခဏ​လောက်​ ​စောင့်ပေးပါဦးရှင်​ "

"ငါ လာတိုင်း ညည်း ဒီစကား​ပဲ​ပြော​နေတယ်​ ။ ခုဆို အိမ်​လခမ​ပေး​တာ ဘယ်​နှစ်​လရှိ​နေပြီလဲ "

"ကျွန်​မ ​နောက်​လ​တော့ ​ပေးနိုင်​​အောင်​ ကြိုးစားမှာပါ ။ ခဏ​တော့ ​စောင့်ပေးပါရှင်​ "

"ဟွန့် ။ ငါလည်း ပိုက်​ဆံ ချမ်းသာတဲ့သူ မဟုတ်​ဘူး ။ ဒီအိမ်​ငှါးခရမှ အဆင်​​ပြေမှာဟဲ့ ။ ညည်း ဒီလိုလုပ်​​နေရင်​ ငါ အဆင်​မ​ပြေဘူး ။ ညည်း ​ပြောသလို ​နောက်​လမှ မ​ပေး​သေးရင်​ အိမ်​​ပေါ်ကဆင်းပေတော့ "

"ဟုတ်ကဲ့ပါ မသိန်းရယ်​"

​မသိန်း ထွက်​သွား​တော့မှ ခတ္တာ ငို​နေမိသည်​။ မိမိ​ယောကျာ်းဖြစ်​သူ ရှိ​နေစဉ်​က ​ပြေလည်​ခဲ့​ပေမယ့် လွန်​ခဲ့သည့် တစ်​နှစ်​က ကားမတော်တဆမှုကြောင့် သူ ဆုံးပါးသွားသည်။ ထိုအချိန်မှစ၍ သားအမိနှစ်​​ယောက်​ အဆင်​မ​ပြေဖြစ်ပြီး ကျပ်​တည်းလာသည်​။ ခတ္တာ အသုပ်​ဆိုင်​​လေး ဖွင့်ပေမယ့် ယခုဆို အရင်းပြုတ်​ပြီး ​ရှေ့ဆက်​ဖွင့်ဖို့ပင်​ ခက်​ခဲ​နေပြီ ။ ဘယ်​လို ​ရှေ့ဆက်​ရမလဲ ဆိုသော အတွေးနှင့် ခတ္တာ ရင်​​လေး​နေမိသည်​။

"​မေ​မေ ဘာလို့ ငို​နေတာလဲ "

ရှိုင်းက ​ဘောလုံးကန်​ပြီး ပြန်​လာချိန်​ ​အမေဖြစ်သူ ငို​နေတာ​ကြောင့် ​ဘောလုံးကို ပစ်​ချပြီး အ​ပြေးသွားကာ ​မေးသည်​။

ခတ္တာ မျက်​ရည်​​တွေကို သုတ်​ရင်း သားကို ဖက်​လိုက်​သည်​။

"​မေ​မေ မငိုပါဘူး သားရယ်​။ မျက်​လုံးထဲ အမှိုက်​ဝင်​သွားလို့ပါ "

သား​လေးက ငါးနှစ်​သာရှိ​သေး​ပေမယ့် လိမ္မာ​ရေးခြားရှိသည်​။ သားကို ယခုထိ ​ကျောင်းတောင်​ မထားနိုင်​​သေးပေ ။ သားအတွက်​ တစ်​ခုခုစီစဉ်​ဖို့ ခတ္တာ စဉ်းစားမိသည်​။ ခတ္တာ၏ ယခုအ​ခြေအ​နေနှင့်ဆို သား​ရှေ့​ရေးက ရင်​​လေးစရာပင်​။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now