part-17

4.9K 474 31
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၇ )

"ဒါ ဘယ်​လိုဖြစ်​​နေကြတာလဲ "

ယောကျ်ားလေးနှစ်ယောက်၏ ခန္ဓာကိုယ်က ပူးကပ်နေသည့်အပြင် နှုတ်ခမ်းချင်းပါ ဂဟေဆက်နေတာကို မြင်လိုက်ရချိန် မဒီက ​ဒေါသ​တကြီး ​အော်​သည် ။ ဒေါ်ခင်နွယ်ကတော့ ​အံ့သြမှင်သက်နေလေသည် ။ မဒီ့ ​အော်​သံကြားတော့ ရှိုင်းနှင့် မိုးသောက်ယံတို့ သတိဝင်​ပြီး အလျင်အမြန်​ လူချင်းခွာလိုက်​သည်​။

"ဒါ ဘာလုပ်နေကြတာလဲ ရှိုင်း ။ ဒီနေ့က မဒီတို့ စေ့စပ်မယ့်နေ့ဆိုတာရော မှတ်မိသေးရဲ့လား "

မဒီက အံကြိတ်ပြီး ဒေါသကို မနည်းထိန်းချုပ်နေရသည့် ပုံစံဖြင့် မေးသည် ။

"ဆောရီး မဒီ "

ရှိုင်းသည် ယခုအခြေအနေကို သူ ကိုယ်တိုင် နားမလည်သော်လည်း မဒီ စိတ်ကျေနပ်စေရန် တောင်းပန်လိုက်သည် ။ သို့သော် မဒီက ခြောက်ကပ်ကပ် ရယ်လေသည် ။

"ဘာကိစ္စ တောင်းပန်နေရတာလဲ ရှိုင်း "

မဒီက ရှိုင်းကို ပြောပြီး မိုးသောက်ယံကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးဖြင့် စိုက်ကြည့်ကာ တဆက်တည်း ပြောသည် ။

"ဒါ နင့် လက်ချက်မဟုတ်လား မိုးသောက်ယံ ။ ရှိုင်းက ငါနဲ့ စေ့စပ်တော့မှာ သိရက်နဲ့ မြူဆွယ်တယ် ။ နင် တော်တော်အောက်တန်းကျတာပဲ "

မဒီက မိုးသောက်ယံကို အထင်သေးစက်ဆုပ်သလို အကြည့်နှင့် ပြောသည် ။ ဒေါ်ခင်နွယ်သည် မျက်နှာနီ၍ ဒေါသထွက်သွားသော်လည်း သားဖြစ်သူ၏ အမှားကြောင့် စိတ်ကို လျော့၍ သည်းခံနေလိုက်သည် ။

"မင်း ထင်သလို မဟုတ်ဘူး မဒီ ။ အထင်လွဲနေတာ "

မိုးသောက်ယံက ကုတင်ပေါ်မှ ဆင်းလိုက်ပြီး မဒီ့ကို ရှင်းပြသည် ။

"ဘာပြောတယ် ။ ငါ အထင်လွဲတယ်ဟုတ်လား ။ နင်တို့နှစ်ယောက် ဖြစ်ပျက်နေတာ ငါ့ မျက်စိနဲ့ တွေ့တာတောင် အထင်လွဲနေတာတဲ့လား ။ ငါ ထင်တော့ထင်သားပဲ မိုးသောက်ယံ ။ ငါနဲ့ ရှိုင်း စေ့စပ်မှာကို နင် ဒီတိုင်းတော့ ငြိမ်မနေလောက်ဘူးလို့ ။ ခု ဒီလို အရှက်မရှိတဲ့ လုပ်ရပ်မျိုးလုပ်တယ်ပေါ့ ။ ရွံစရာကောင်းတဲ့ အခြောက် "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now