part-10

5K 445 7
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၀ )

ရှိုင်းသည် မဒီ့ကို နှုတ်​ဆက်ပြီး အခန်းထဲက ထွက်​လာခဲ့သည်​။ ​မဒီက ခြံ​ရှေ့ထိ လိုက်​ပို့မည်ဟု ပြော​ပေမယ့် ​နေမ​ကောင်းတာ​ကြောင့် အခန်းထဲမှာ အနားယူရန် မနည်းပြောရသည်​ ။

ရှိုင်း ​အောက်​ထပ်​​ရောက်​​တော့ လမင်းတစ်​​ယောက်​တည်းသာ ​တွေ့လိုက်ရသည် ။ အရင်​တစ်ခါလို မိုးသောက်ယံတစ်ယောက် ​လျှောက်​သွားပြီး တစ်ခုခုဖြစ်​မှာ စိုးရိမ်​သွားရသည်​။

"ယံယံရော ၊ လမင်း "

"ဪ....မိုးသောက်ယံလား ။ သူ အိမ်​​ပြန်​​တော့မယ်​​ဆိုပြီး ထွက်​သွားတာပဲ ။ လမင်းက ရှိုင်းနဲ့ အတူပြန်ဖို့ ​ပြောပါ​သေးတယ်​ ။ သူက နားမ​ထောင်​ဘူး "

"ယံယံ တစ်​​ယောက်​တည်း အဆင်​​ပြေရဲ့လားမသိဘူး ။ အမြဲတမ်း တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်က ခုထိ မပျောက်ဘူး "

ရှိုင်းသည် ခပ်တိုးတိုး ​ရေရွတ်​​ပြောဆိုမိသည်​။

"ကျွန်​​တော်​ ပြန်​​တော့မယ်​​ လမင်း "

"ဟုတ်​ကဲ့ "

ရှိုင်း ဆိုင်​ကယ်​စီးပြီး အိမ်​ကို မြန်​မြန်​​ရောက်​​အောင်​​ အရှိန်မြှင့်၍ မောင်းလိုက်သည်​။

⚡⚡⚡⚡⚡⚡⚡⚡

"သား ပြန်​​ရောက်​တာ ဆိုင်​ကယ်​သံလည်း မကြားမိပါလား ။ ရှိုင်းရော "

"သား တစ်​​ယောက်​တည်း ပြန်​လာတာ ​မာမီ "

"ဘယ်​လို ဖြစ်​ရပြန်တာလဲ ။ ရှိုင်း ဖုန်းဆက်​တုန်းက သူငယ်​ချင်းဆီ အတူတူသွားကြမယ်​ဆို "

မိုးသောက်ယံ စိတ်​ရှုပ်​​နေတာ​ကြောင့် ​မာမီကို ဆက်​မရှင်းပြချင်​​တော့ ။

"​မာမီ ၊ သား ​ခေါင်းကိုက်နေလို့ ။ နား​တော့မယ်​ "

"​ဟုတ်​လား ယံယံ ။ ဒါဆို သွားနားလေ ။ မာမီ ​ဆေးယူလာခဲ့မယ်​ "

"ဟင့်အင်း ​မာမီ ။ သား ဆေးမ​သောက်​ချင်​ဘူး ။ ခဏအိပ်လိုက်ရင် အိုကေတယ် "

"​အေး အေး ။ ဒါဆိုလည်း ​တရေးလောက် အိပ်လိုက် "

"အင်း "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now