S2 ( part - 2)

4.8K 387 42
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၂ )

မိုးသောက်ယံသည် လက်ညိုးထိုးပြပြီး ဆက်မကြည့်ရဲတော့တာကြောင့် ကြောက်လန့်တကြားဖြင့် မျက်ဝန်းတို့ မှိတ်လိုက်သည် ။

"ဘယ်မှာလဲ ၊ ကိုယ် ဘယ်သူမှ မတွေ့ပါဘူး "

"အဲ့ဒီမှာ ရှိတယ် "

"မဟုတ်တာကွာ ။ သေချာ ကြည့်ပါဦး ။ ဘယ်သူမှ မရှိပါဘူး "

ရှိုင်းက မိုးသောက်ယံကို ဖက်ထားရင်း ပြောသည် ။ ထိုအခါမှ မိုးသောက်ယံသည် မျက်ဝန်းတို့ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏ ။

"ဟင် မရှိတော့ဘူး "

သူ တစ်ခန်းလုံးကို မျက်လုံးကစား၍ ကြည့်မိသည်။ မဒီက ဘယ်ပျောက်သွားသည် မသိ ။ ခုန ဘာမှမဖြစ်ခဲ့သလို အခန်းလေးက တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏ ။

ရှိုင်းက မိုးသောက်ယံ၏ မေးစေ့လေးကို ဆွဲယူကာ အကြည့်ချင်း ဆုံစေ၏ ။

"ကိုယ့်ကို ကြည့် ယံယံ ။ မင်း မဒီ့ကြောင့်  ထိတ်လန့်စရာတွေ အများကြီး ကြုံခဲ့ရတာ ကိုယ် နားလည်တယ် ။ ဒါပေမဲ့ မဒီက ဒီလောကမှာ မရှိတော့ဘူးလေ ။ မင်း ခုမြင်နေရတာက အစစ်အမှန် မဟုတ်ဘူး ။ မင်း အတွေးထဲက ပုံရိပ်ယောင်တစ်ခုပဲ ။ အဲ့ဒါကြောင့် ခုချိန်ကစပြီး ကြောက်စရာ အဖြစ်အပျက်တွေအားလုံးကို မေ့ဖျောက်နိုင်အောင် ကိုယ် ကူညီပေးမယ် "

မိုးသောက်ယံ သက်ပြင်းရှိုက်၍ ရှိုင်း၏ ရင်ခွင်ထဲ တိုးဝင်လိုက်သည် ။ သူ တကယ်မြင်နေရတယ်ဆိုတာ ရှိုင်းကို ဘယ်လို ရှင်းပြရမလဲ ။ သူ အတွေးများစွာနှင့် နှုတ်ဆိတ်နေလိုက်တော့သည် ။

ထိုစဉ် ပြတင်းပေါက်၏ အပြင်ဘက်၌ ပုံရိပ်တစ်ခုကတော့ လွင့်မျောနေရင်းမှ သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေခဲ့လေ၏ ။

*************
သည်နေ့ မိုးသောက်ယံသည် ရှိုင်းနှင့်အတူ ဒေါ်ခတ္တာ၏ အိမ်သို့ အလည်လာခဲ့သည် ။ နေ့လည်စာ စားပြီးသော် ရှိုင်း နှင့် သူ့အမေ အေးဆေးစကားပြောနိုင်ရန် မိုးသောက်ယံသည် ခွင့်တောင်း၍ လမင်း၏ အိမ်သို့ ထွက်ခဲ့သည် ။ ဒေါ်ခတ္တာ၏ နှစ်အိမ်ကျော်က လမင်းတို့ အိမ်ဖြစ်သည် ။ လမင်းက သူ့ကို မြင်တော့ ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုသည် ။
သူတို့ ဧည့်ခန်းမှာ ထိုင်၍ မုန့်စားနေကြစဥ်.....

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now