part-8

5K 449 8
                                    

Unicode

ချစ်မိသူ.... အရှုံး

(အခန်း - ၈ )

ရှိုင်းသည် ဝေယံတို့ ခြံတံခါးဘဲလ်​တီး​သော် ဝေယံ့အ​မေက ထွက်​လာ၍ တံခါးဖွင့်ပေးသည်​ ။ အရင်​က မိုးသောက်ယံသည် ဝေယံ့အိမ်သို့ မကြာခဏ အလည်သွားလေ့ရှိပြီး ရှိုင်းက အကြို ၊ အပို့ လုပ်ပေးရသည် ။ မိုးသောက်ယံနှင့်အတူ မကြာခဏ လိုက်လာ၍ ဝေယံ့အမေနှင့် သူ ရင်းနှီးကြသည် ။

"ရှိုင်းပါလား ။ လာလည်တာလား သား "

"မဟုတ်ဘူး အန်တီ ။ မိုးသောက်ယံ ဒီကို ရောက်နေလားလို့ ၊ လာကြည့်တာပါ "

"ဪ ၊ ဟုတ်တယ် သားရဲ့။ ဝေယံက သူ့အသိတစ်ယောက် ဘားအသစ်ဖွင့်တာ သွားဦးမယ်ဆိုပြီး နှစ်ယောက်သား ထွက်သွားကြတာပဲ ။ မိုးသောက်ယံ အိမ်​ကို ​ပြောခဲ့တယ်လို့ အန်​တီက ထင်​​နေတာ "

"ဟုတ်​ကဲ့ ။ ကျွန်​​တော်​ လိုက်​သွားလိုက်​ပါ့မယ်​ "

"ဝေယံတို့ကို စော​စောပြန်​ခဲ့ဖို့ အန်​တီမှာထားပါတယ်​ ။ မိုးသောက်ယံကိုလည်း အိမ်​ကကားနဲ့ပဲ ပြန်​ပို့​ပေးမှာပါ သားရဲ့ "

"ဟုတ်​ကဲ့ အန်​တီ ။ ကျေးဇူးတင်​ပါတယ်​ ။ ဒါ​ပေမယ့် ယံယံက အိမ်​ကို မ​ပြောခဲ့​တော့ စိတ်​ပူ​နေကြတယ်​ ။ ကျွန်​​တော်​ကိုယ်​တိုင်​ပဲ သွား​ခေါ်လိုက်​ပါ့မယ်​ "

"​အေး..​အေး သား ။ သူတို့ ခုနမှ သွားကြတာ "

"ဟုတ်​ကဲ့ ၊ ကျွန်​​တော့်ကို ခွင့်ပြုပါဦး အန်​တီ "

"​အေးပါ သား "

ရှိုင်းသည် ဝေယံ့ဖုန်းကို ခေါ်လိုက်ပြီး နေရာကို မေးလိုက်သည် ။ ထို့နောက် ဆိုင်​ကယ်​စက်နှိုး၍ ကလပ်​ဆီသို့ မောင်းလာခဲ့သည်​ ။ ကလပ်​ထဲ​သို့ ရောက်​​သော် လိုက်​ရှာ​နေရင်း ​တွေ့လိုက်​ရသည်က မိုးသောက်ယံ နှင့်အတူ သူစိမ်း ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရသည် ။ ​ ထို​သူက မိုးသောက်ယံ၏ လက်​နှစ်ဖက်ကို ကိုင်​ထားသည်​ ။ မိုးသောက်ယံ ဝတ်စားထားသည်မှာလည်း အနက်ရောင် တီရှပ်ကို အပေါ်က ဂျင်းလက်ရှည်တစ်ထည် ထပ်ဝတ်ထားသည် ။ ထို့ပြင် ဂျင်းဘောင်းဘီတို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ခြေတံလေးက ပေါ်လွင်နေသည် ။ မိုးသောက်ယံတစ်ယောက် ဝေယံ့၏ အဝတ်အစားတွေ ယူဝတ်ထားပြန်ပြီ ။ ရှိုင်း မျက်မှောင်ကြုတ်ပြီး လှမ်းခေါ်လိုက်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now