s2 ( part - 4)

4K 338 35
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၄ )

ကျေးငှက်အော်သံ တကျီကျီနှင့် အတူ နေမင်း၏ အလင်းရောင်က ကမ္ဘာမြေတခွင် ဖြန့်ကျက်လာသည် ။

ရှိုင်းသည် အိပ်ရာနိုးလာသည်နှင့် မျက်လုံးမဖွင့်ခင် လက်တစ်ဖက်ဖြင့် ဘေးကို စမ်းလိုက်သည် ။ အေးစက်စက် မွေ့ယာကိုသာ ထိမိ၏ ။ ရှိုင်း ချက်ချင်းပင် မျက်လုံးဖွင့်၍ ကြည့်မိသည် ။ အိပ်ရာထက်မှာ မိုးသောက်ယံ ရှိမနေခဲ့ချေ ။ သူ မျက်ခုံးတွန့်သွားပြီး အိပ်ချင်စိတ်ကလည်း ပျောက်သွားသည် ။ မိုးသောက်ယံ ဘယ်အချိန်တည်းက နိုးနေခဲ့တာလဲ ။ သူ တွေးရင်း ကုတင်ပေါ်မှ ဆင်း၍ ရေချိုးခန်းထဲ ဝင်လိုက်သည် ။

ထို့နောက် မျက်နှာသစ် ၊ ရေမိုးချိုး၍ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။

အိမ်တံခါးမကြီးက ပွင့်နေ၍ အောက်ထပ်မှာလည်း မိုးသောက်ယံကို မတွေ့ချေ ။ ခြံထဲရောက်တော့မှ ကံကော်ပင်အောက်တွင် ရှာနေသော ပုံရိပ်လေးကို တွေ့၏ ။

ကံကော်ပန်းပွင့်ကို ကောက်ယူ၍ နမ်းရှိုက်နေသော မိုးသောက်ယံ ။ နေရောင်ခြည်နှင့်အတူ ရင်ထဲ နွေးထွေးသွားစေ၏ ။ ရှိုင်း၏ နှုတ်ခမ်းတို့ အလိုလို  ပြုံးမိသွားသည် ။

"ယံယံ "

ခေါ်သံကြား၍ လှည့်ကြည့်လာသော မိုးသောက်ယံ၏ မျက်ဝန်းတွေက စိမ်းညို့စွာ ။ အရယ်အပြုံး ကင်းမဲ့၍ မျက်နှာက တည်တည်တင်းတင်း ။

"ဘယ်အချိန်ထဲက နိုးနေတာလဲ "

ရှိုင်းသည် မိုးသောက်ယံ၏ အနားသို့ သွား၍ နူးနူးညံ့ညံ့ လေသံဖြင့် မေးလိုက်သည် ။
နီးကပ်တော့မှ တွေ့လိုက်ရသည့် နဖူးစပ်နားမှ သွေးစတချို့ ။

"ဘာဖြစ်တာလဲ ယံယံ "

ရှိုင်း စိုးရိမ်တကြီး မေးရင်း နဖူးနားကို ဖွဖွ ထိလိုက်တော့ သွေးတွေက စိမ့်ကျလာသည် ။ ဦးခေါင်းစပ်အနားမှာ ဒဏ်ရာတစ်ခု ။ ထိုမှ စီးကျလာခြင်းပင် ။

"ချော်လဲကျတာ "

မိုးသောက်ယံက အရေးမကြီးသလို ခပ်ပြတ်ပြတ်ပြောပြီး သွေးတွေကို ညာလက်ဖဝါးဖြင့် သုတ်သည် ။ ရှိုင်း ဒေါသတို့ဖြင့် မိုးသောက်ယံ၏ လက်ကို ဆောင့်ဆွဲကာ အိမ်ပေါ်သို့ ခေါ်လာခဲ့သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now