part-9

4.8K 448 8
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၉ )

မဒီက လမင်းပေးသည့် အကြံညဏ်​​ကြောင့် သည်နေ့​ကျောင်းမတက်​ဘဲ အိမ်​မှာနား​သည်​ ။ အိမ်​မှာ လမင်း၏ အ​မေ နှင့် အ​ဖေ ကလည်း သူတို့ကိုယ်​ပိုင်​အလုပ်​​တွေနှင့်မို့ မိုးလင်းက ထွက်​သွားပြီး မိုးချုပ်မှသာ ပြန်​​ရောက်​ကြသည်​။ ထို့​ကြောင့် မဒီတစ်​​​ယောက်​တည်း အိမ်​မှာ ​နေရသည်မှာ ပျင်းစရာ​ကောင်းလှသည် ။ ထို့ကြောင့် ရုပ်​ရှင်​ကြည့်လိုက်​ ၊ မုန့်စားလိုက်​နှင့် အချိန်​ဖြုန်းနေလိုက်သည်​။

ယခုလည်း ရုပ်​ရှင်​ကြည့်နေတုန်း မဒီ့ ဖုန်းထဲ မက်ဆေ့ချ် တစ်​​စောင်​ဝင်​လာတာ​ကြောင့် ကြည့်လိုက်​​တော့ လမင်းဆီက ဖြစ်သည် ။ လမင်းနှင့်အတူ ရှိုင်းပါ လိုက်​လာမည်​ဆိုသောကြောင့် မဒီ ​အ​ပျော်​လွန်​ပြီး ထခုန်​မိသည်​ ။ ထို့​နောက်​ အိမ်​ကို ရှင်းလင်းပြီး မဒီသည် မိမိကိုယ်ကို ​နေမ​ကောင်းသည့်ပုံစံ​ဖြစ်အောင် ပြင်​ဆင်​ရ​တော့သည်​။

××××××××××××××××××

"ရှိုင်း လမင်းတို့ သွားရ​အောင်​ "

"ခဏ​ လမင်း ။ ကျွန်​​တော်​ ၊ ယံယံ့ကို ပြန်​နှင့်ဖို့ ​ပြောလိုက်​ဦးမယ်​ "

"အင်း "

မိုးသောက်ယံသည် ရှိုင်းဆီ​ရောက်​​တော့ လမင်းနှင့် အတူရှိ​နေတာ​ကြောင့် မျက်​နှာမဲ့သွားရသည်​။ ရှိုင်း ဘာ​ကြောင့် ယခု​နောက်​ပိုင်း မိန်းက​လေး​တွေနှင့် တတွဲတွဲလုပ်​​နေရတာလဲ ။ မိုးသောက်ယံသည် စိတ်ထဲ မ​ကျေမနပ်​ဖြစ်​မိ​ပေမယ့် အပြင်မှာတော့ ဘာမျှမဖြစ်​သလိုသာ ဟန်​​ဆောင်​လိုက်​သည်​။

" ငါ သွားစရာရှိလို့ ။ ဒီ​နေ့​တော့ မင်းဘာသာ ပြန်​လိုက်​​တော့ "

"ဘာလို့လဲ ။ ဘယ်​သွားမလို့လဲ ရှိုင်း "

"မဒီ ​နေမ​ကောင်းဘူးဆိုလို့ သတင်းသွား​မေးမလို့ "

မိုးသောက်ယံ၏ မျက်​ခုံးတို့ အလိုမကျစွာ တွန့်ချိုးသွားသည် ။

"ဘာဖြစ်​တာလဲ ။ အ​ခြေအ​နေ​တော်​​တော်​ဆိုးလို့လား ။ ငါလည်း လိုက်​​ခဲ့မယ်​​လေ ။ ငါပါရင် တစ်ခုခုဆို အကူအညီရတာပေါ့ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now