part-20

5.1K 432 25
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၀ )

"မင်း မဒီ့ကို ဘာသဘောနဲ့ ဒီအိမ်ကို ခေါ်လာခဲ့တာလဲ "

မဒီ ပြန်သွားချိန်၌ မိုးသောက်ယံသည် မနေနိုင်စွာ ရှိုင်းကို မေးလိုက်မိသည် ။

"ဘာကြောင့် ဖြစ်ရမှာလဲ ။ မဒီက လိုက်လည်ချင်တယ်ဆိုလို့ ခေါ်လာတာလေ "

ရှိုင်းက ခပ်ပြတ်ပြတ် ဆိုသည် ။

"မသိပါဘူး ။ မင်း ငါ့ကို မကျေနပ်လို့များ မဒီ့ကို တမင် ခေါ်လာတာလားလို့ "

မိုးသောက်ယံက ရွဲ့သလို ပြန်ပြောတော့ ရှိုင်းက မျက်မှောင်ကြုတ်သွားသည် ။

"မင်း ဘာတွေပြောနေတာလဲ ။ ငါ နဲ့ မဒီက အခုချိန်မှာ မိတ်ဆွေတွေပဲ ။ မင်း မိဘတွေနဲ့ ပြန်အဆင်ပြေမှပဲ ငါတို့နှစ်ယောက်ကိစ္စ ပြန်ဆွေးနွေးကြမှာ "

ရှိုင်း၏ စကားလုံးတွေက သူ့ရင်ထဲကို ဓားနှင့် အကြိမ်ကြိမ် ထိုးစိုက်နေသလိုပင် ။ ရှိုင်းကို အဆုံးရှုံးမခံနိုင်ဟု တွေးထားသော်လည်း သူနှင့် အတူရှိနေ၍ ရှိုင်း စိတ်အနှောင့်အယှက် ဖြစ်နေမှာလည်း စိုးရိမ်မိသည် ။ ထို့ကြောင့်....။

"ငါ့ကို စိတ်ပူဖို့မလိုဘူး ။ မင်းတို့ ဇာတ်လမ်း ပြန်ဆက်ချင် ဆက် ။ ငါ့ကို ဂရုမစိုက်နဲ့ "

မိုးသောက်ယံ ပြောပြီး ရှိုင်း၏ အရှေ့မှ ထွက်လာခဲ့သည် ။ ရင်ထဲမှာတော့ မွန်းကျပ်ပြီး နာကျင်လှသည် ။

သူ့အတွက်တော့ တစ်ဖတ်သတ် အချစ်ဆိုတာ အဆုံးမသတ်နိုင်သော စိတ်ဒဏ်ရာ တစ်ခုပင် ။ တမြေ့မြေ့နှင့် လှိုက်စားနေခဲ့သည် ။

*****************
သည်နေ့ ရှိုင်း အလုပ်ပိတ်ရက်မို့ မိုးသောက်ယံနှင့် အတူ တစ်နေရာသွားဖို့ ပြင်ထားသည် ။ အိပ်ပုတ်လေးကတော့ ကိုးနာရီကျော်သည်အထိ အိပ်ရာမထသေးပေ ။

"ယံယံ ၊ ထတော့ "

မိုးသောက်ယံကို နှိုးလိုက်တော့ အိပ်မှုံစုံဖွားနှင့် ထလာသည် ။ ဆံပင်လေးတွေက ရှုပ်ပွနေပြီး အိပ်ချင်မူးတူး ရုပ်လေးက ချစ်စရာကောင်းတာကြောင့် ရှိုင်း ရယ်မိသွားသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now