s2 ( part - 3)

4.2K 353 19
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၃ )

သမုဒယအိမ် မိဘမဲ့ဂေဟာ ။

ရှိုင်းသည် ဂေဟာ၏ရှေ့၌ ရပ်နေရင်း အထဲသို့ ငေးကြည့်နေမိ၏ ။ တစ်ချိန်က သူ နေခဲ့သည့် နေရာလေး။ ဤနေရာမှ အကြိမ်ကြိမ်ထွက်သွားခွင့်ရဖို့ ဆန္ဒရှိခဲ့သည့်အပြင် အကြိမ်ကြိမ် ထွက်သွားနိုင်ရန် ဆုတောင်းခဲ့ဖူးသည် ။ သူ မနေချင်ခဲ့သော ဤနေရာသို့    ယခုတော့ ချစ်ရသူ နှင့်အတူ  ပြန်ရောက်လာခဲ့သည် ။

ကလေးငယ်တချို့က ဂေဟာခြံဝန်းထဲရှိ မြေကွက်လပ်ကျယ်တွင် ဆော့ကစားနေကြသည် ။ ဆရာ ၊ ဆရာမတချို့က ခြံဝန်းထဲမှာ ကလေးတွေနှင့်အတူ အဖော်ပြုနေ၏ ။

"အထဲ ဝင်ရအောင် "

မိုးသောက်ယံက ခပ်တိုးတိုး ပြောလာတော့ ရှိုင်း ခေါင်းညိတ်လိုက်သည် ။ ထို့နောက် နှစ်ယောက်အတူ ဝင်လာခဲ့ကြသည် ။

မိုးသောက်ယံကတော့ ခြံဝန်းထဲ ရောက်သော် မျက်လုံးကစားရင်း အရာအားလုံးကို စူးစမ်းလေ့လာနေ၏ ။ ထိုစဉ်...။

"ဘာကိစ္စများ ရှိလို့လဲကွယ် "

ရင်းနှီးနေသော အသံကြောင့် ရှိုင်း လှည့်ကြည့်မိသည် ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ခင် ဖြစ်၏။ ဆရာမ၏ မျက်နှာထက် ဟို အရင်ကလို အေးချမ်းသော  အပြုံးလေးကတော့ မပြောင်းလဲ ၊ လှပစွာ  နေရာယူလျက်ရှိနေ၏  ။ သိသာစွာ ပြောင်းလဲသွားသည်က မျက်နှာပေါ်ရှိ အရေးအကြောင်းများသာ ၊ အရင်ထက် ပို၍ များလာသည် ။ မတွေ့တာ အချိန်တွေလည်း ကြာခဲ့ပြီလေ ။

"ကျွန်တော်.. ရှိုင်း ပါ ဆရာမ "

ရှိုင်း နှုတ်ဆက်လိုက်သော် ဆရာမ၏ မျက်မှန်တွေအောက်က မျက်ဝန်းတစ်စုံက မှတ်ဉာဏ်တွေကို ပြန်ဖော်ရင်း စူးစိုက်ကြည့်လာသည် ။

"ရှိုင်း ။ ရှိုင်း မင်းတောင် အရွယ်ရောက်လာပြီပဲ "

ထို့နောက် ပီတိပြုံးတို့ ပန်ဆင်၍ အနည်းငယ် တုန်ယင်နေသော လေသံဖြင့်  ဆရာမက ပြောလာသည် ။

"မင်း အမေနဲ့ ပြန်တွေ့သွားပြီဆို ။ ဆရာမ သတင်းကြားမိပါသေးတယ် ။ ဆရာမတောင် မင်းကို တွေ့ချင်နေတာ သားရယ် "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now