part-25

5.4K 439 15
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၅ )

မိုးသောက်ယံသည် ခေါက်ဆွဲကြော်နှစ်ပွဲကို ဝယ်ပြီးနောက် ဖြည်းညင်းစွာ  လမ်းလျှောက်လာခဲ့သည် ။ အမှောင်ရိပ်ကျသော နေရာအရောက် အနက်ရောင် ကားတစ်စီးက သူ့အနား၌ ထိုးရပ်သွားသည် ။ ထို့နောက် ကားပေါ်မှ လူတစ်ယောက်ဆင်းလာသည် ။

သူရှိရာသို့ ဦးတည်၍  လျှောက်လာတာကြောင့် မိုးသောက်ယံ မျက်မှောင်ကြုတ်သွားသည် ။ ထိုလူစိမ်းက အနားသို့ရောက်လာပြီး ရုတ်တရက်ဆိုသလို သူ့မျက်နှာဆီသို့ လက်သီးတစ်လုံး ပစ်သွင်းသည် ။

မထင်မှတ်သော အပြုအမှုကြောင့် မိုးသောက်ယံ အငိုက်မိသွားရပြီး လက်ထဲမှ အထုတ်များကလည်း အောက်သို့ ကျသွားခဲ့သည် ။ နာကျင်သွားသော မျက်နှာကို ကိုင်ပြီး ထိုလူ့ကို ဒေါသတကြီး ကြည့်လိုက်သည် ။

"ဟေ့လူ ခင်ဗျား ဘာလုပ်တာလဲ "

မိုးသောက်ယံသည် ထိုလူ့ကို ​ပြန်ထိုးရန် ရွယ်လိုက်ချိန်၌ မိမိ၏ နောက်ကျောသို့ လူတစ်ယောက်ရောက်လာပြီး လှုပ်မရအောင် ဖမ်းချုပ်ထားခြင်းခံလိုက်ရသည် ။ ထို့နောက် စိမ်းရွှေရွှေအနံ့နှင့်အတူ အဝတ်စတစ်ခု နှာခေါင်းသို့ ဖုံးအုပ်ခြင်းခံရပြီးနောက် သူ့ အမြင်အာရုံတွေ ဝေဝါးလာသည် ။ အဲ့သည်နောက် မှောင်မိုက်သော အနက်ရောင် လွင်ပြင်ထဲသို့ သူ ရောက်ရှိသွားတော့သည် ။

****************

"ရဲစခန်းကို အကြောင်းကြားသင့်လား "

ရှိုင်းက စိုးရိမ်နေသော လေသံဖြင့် မေးသည် ။

ယခုသူတို့ မိုးသောက်ယံကို ရှာမတွေ့တာကြောင့် အဂ္ဂမင်း၏ တိုက်ခန်းသို့ ပြန်လာခဲ့ကြသည် ။ ရှိုင်းက တိတ်ဆိတ်နေရာမှ စပြောခြင်းဖြစ်သည် ။

"ခဏ စောင့်ကြည့်ဦးမလား ရှိုင်း ။ မိုးသောက် တစ်နေရာ သွားနေတာများလား ။ ၄၈နာရီပြည့်မှ ရဲစခန်းမှာ လူပျောက်တိုင်လို့ရမှာ ။ မနက်ဖြန်ထိ စောင့်ကြည့်လိုက်ပါဦး "

အဂ္ဂမင်းက ရှိုင်းကို အကြံပေးသည် ။ ရှိုင်းက သက်ပြင်းချ၍ ခေါင်းညိတ်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now