part-26

5.5K 459 25
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၆ )

ရှိုင်း စိုးရိမ်ထိတ်လန့်စိတ်နှင့် ဝုန်းခနဲ ထရပ်လိုက်သည် ။ ဒေါ်ခတ္တာကပါ ထိုင်နေရာမှ ထ၍ ရှိုင်း၏ လက်ကို အမြန် ဆွဲရသည် ။

"သား စိတ်လျော့ဦး ။ မိုးသောက်ယံ ဘယ်မှာလဲဆိုတာ သား သိလို့လား "

ရှိုင်း စိတ်ပျက်စွာနှင့် ခေါင်းကို ခါယမ်းလိုက်သည် ။

"လမင်း ကျွန်တော့်ကို ဖုန်းပြန်ဆက်မယ်ပြောတယ် "

ဒေါ်ခတ္တာက ရှိုင်း၏ ပခုံးကို ပုတ်ပြီး နှစ်သိမ့်သည်  ။

"ခဏလောက် သည်းခံလိုက်ပါဦးကွယ် "

ရှိုင်း ခေါင်းညိတ်၍ သက်ပြင်းရှိုက်လိုက်သည် ။ သူ့ရင်ထဲ မွန်းကြပ်ပြီး အသက်ရှုမဝဖြစ်နေရသည် ။ ယံယံ အဆင်မှ ပြေရဲ့လား ဟု တွေးမိတိုင်း ရင်မောရသည် ။

*****************
ရှိုင်းသည် မေမေ့ကို နှုတ်ဆက်ပြီး အိမ်ကို ပြန်ခဲ့သည် ။ ရေမိုးချိုး ၊ အဝတ်အစား လဲ၍ လမင်း ဖုန်းပြန်ဆက်မည်ကို စောင့်ဆိုင်းနေခဲ့သည် ။

ထိုစဉ် သူ မျှော်နေသော ဖုန်းမြည်သံက ရုတ်ခြည်း ပေါ်လာသည် ။ ဖုန်းကို အမြန်ကောက်ယူ၍ ဖြေလိုက်သည် ။

"ဟဲလို...လမင်း "

"လမင်း အခု အကြောင်းစုံ သိရပြီ ရှိုင်း "

"ယံယံ ဘယ်မှာလဲ ။ ကျွန်တော့်ကို အမြန်ပြောပါ "

"မဒီ့အဖေ ပိုင်တဲ့ မှော်ဘီက ခြံမှာ ။ လိပ်စာအတိအကျကို လမင်း မက်ဆေ့ချ် ပို့လိုက်မယ် ။ ခု လမင်း အဲ့ဒီကို သွားနေတယ် ။ ရှိုင်း အမြန် လိုက်ခဲ့နော် ။ ခုချိန်မှာ မဒီ့စိတ်က ပုံမှန်မဟုတ်ဘူး ။ မိုးသောက်ယံ အသက်အန္တရယ် ရှိတယ်လို့ ကိုလင်းတို့ ပြောတယ် "

ရှိုင်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။

"ကျွန်တော် ခုထွက်လာခဲ့မယ် လမင်း "

ရှိုင်း ဖုန်းချပြီး အိမ်တံခါးသော့ခတ်လိုက်သည် ။ ဆိုင်ကယ်စက်နှိုးလိုက်ချိန်၌ လမင်း၏ မက်ဆေ့ချ်က ဖုန်းထဲ ဝင်လာသည် ။ လိပ်စာကို သေချာမှတ်ပြီး သူ ထွက်လာခဲ့သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now