part-13

4.9K 412 6
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၃ )

အဖြူရောင်ဂါဝန်လေးနှင့် မိန်းကလေးတစ်ယောက် ရှိုင်း၏ ရှေ့၌ ဖြတ်လျှောက်သွားသည် ။ ထိုမိန်းကလေး၏ ဆံနွယ်ရှည်တို့သည် ခါးထက်သို့ ဝဲကျနေလေသည် ။ ထိုမိန်းက​လေးက ဘယ်သူလဲ ။ ဒါ ဘယ်နေရာလဲ ။

ရှိုင်း ​ဘေးဘီကိုကြည့်တော့ လူသူကင်းရှင်းနေပြီး သစ်​ပင်​​တွေနှင့် ဝိုင်းရံထားသည့် လမ်းက​လေးတွင် သူ ​ရောက်​ရှိ​နေသည်​။ သူ ဘာ​ကြောင့် သည်နေရာကို ​ရောက်​​နေလဲ စဉ်းစား​နေတုန်း ခုန အဖြူ​ရောင်​ဂါဝန်​နှင့် မိန်းက​လေးက သူ့ရှေ့ကို ရောက်လာသည် ။ ဘယ်အချိန်က ရောက်နေမှန်း သတိမထားမိတာကြောင့် ရှိုင်းသည် ငေးကြောင်၍ ကြည့်နေမိသည် ။ ထိုစဥ် မိန်းကလေးက သူ့ မျက်​နှာနားကို တိုးကပ်​လာပြီး မထင်မှတ်သော အပြုအမှုကို စတင်ခဲ့သည် ။ ရုတ်တရက် သူ့ကို နမ်းလိုက်တာကြောင့် မျက်ဝန်းတို့ ပြူးကျယ်သွားရသည် ။ ထို့နောက် မိန်းကလေးက ထွက်​သွားဖို့ပြင်ချိန်၌ ရှိုင်းသည် လက်ကို ဆွဲကာ ခါးကို တင်းတင်းဖက်ပြီး အနမ်းမိုးရွာ​နေမိသည်​။ နူးညံ့သည့်အထိအ​တွေ့​ကြောင့် ရှိုင်းကိုယ်​တိုင်​ မက်​မက်​​မော​မော နမ်းရှိုက်​မိခဲ့သည်​။ သူ မျက်ဝန်းတို့ ခပ်ဖြည်းဖြည်း ဖွင့်လိုက်ချိန်၌ သူ နှင့် နမ်းနေသူမှာ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ မိုးသောက်ယံဖြစ်နေခဲ့သည် ။ ရှိုင်း ထိတ်လန့်၍ တွန်းထုတ်လိုက်သည် ။ ထိုစဥ် ရှိုင်း အိပ်မက်မှ နိုးလာခဲ့သည် ။

"အား! "

ဒါ ဘယ်လို အိပ်မက်ကြီးလဲ ။ ဆိုးဝါးလိုက်တာ ။ သူနှင့် မိုးသောက်ယံက နမ်းနေကြသည်တဲ့လား ။

ကျစ်!

ရှိုင်း အလိုမကျစွာနှင့် ကျစ်ခနဲ စုတ်သတ်မိသည် ။ ဦးခေါင်းကလည်း တဆစ်​ဆစ်​နှင့် ထိုးကိုက်​​နေသည်​။ မ​နေ့က အဖြစ်အပျက်ကြောင့် မန္တလေးမှ ရန်ကုန်ကို ချက်ချင်းပြန်လာခဲ့သည် ။ ထို့နောက် ​စိတ်​ရှုပ်နေတာကြောင့် အိမ်မပြန်သေးဘဲ သူ အရက်​​တွေ ​သောက်​ခဲ့ပြီး တက္ကစီငှား၍ ပြန်ခဲ့သည် ။ အဲဒီနောက်တော့ သူ အိပ်​ရာ​ပေါ်ကို ဘယ်​လို​ရောက်​လာခဲ့တာလဲ ။ ရှိုင်း ပြန်​​တွေးကြည့်ပေမယ့် စဥ်းစား၍ မရပေ ။ ​ခေါင်းပိုကိုက်​လာတာ​ကြောင့် စဥ်းစားမနေတော့ဘဲ အိပ်​ရာ​မှထကာ ​ရေချိုးဖို့ပြင်​​တော့သည်​။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now