part-11

4.8K 409 5
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၁ )

မိုးသောက်ယံသည် ခေါ်သံကြား၍ မော့ကြည့်မိသည် ။

"ရှိုင်း "

" သူက ဟိုတစ်​ခါ မင်းကို ​နှောင့်ယှက်​ခဲ့တဲ့​ကောင်​ မဟုတ်​လား "

ရှိုင်းက မိုးသောက်ယံကို မေးပြီး အဂ္ဂမင်း၏ အင်္ကျီကော်​လံကို ဆွဲပြီး ထရပ်​​စေလိုက်​သည်​။

"သူ့ကို လွှတ်​လိုက်​ ရှိုင်း ။ သူက ငါ့ မိတ်​​ဆွေ "

"ဘာ!"

အဂ္ဂမင်း၏ အင်္ကျီကော်လံကို ဆုပ်​ကိုင်​ထားသည့် ရှိုင်း၏ လက်​​တွေ ​ပြေ​လျော့သွားသည်​။

အဂ္ဂမင်းက အင်္ကျီကို ​သေသပ်​​အောင်​ပြန်​ပြင်​ဆင်​ပြီး ရှိုင်းကို မ​ကျေမနပ်​စိုက်​ကြည့်သည်​။ သူ့ ​ဒေါသနှင့်ဆို သည်လိုအပြုအမှုမျိုးကို ချက်​ချင်းပင် ဆွဲထိုးပစ်​မိမှာပင်​ ။ မိုးသောက်ယံ၏ ရှေ့မှာမို့ သည်းခံ​နေလိုက်​ခြင်းပင် ။

"ဟုတ်​တယ်​ ။ ဒါငါ့ရဲ့ မိတ်​​ဆွေ ၊ သူ့နာမည် အဂ္ဂမင်း "

ရှိုင်းသည် အချိန်တိုအတွင်း ရင်းနှီးသွားကြသော မိုးသောက်ယံနှင့် အဂ္ဂမင်းကို နားမလည်နိုင်စွာ ကြည့်မိသည် ။

"ကို "

ထိုစဥ် ရှိုင်း၏ ​ဘေးကို မဒီ​ရောက်​လာ​သည် ။ မဒီက ရှိုင်းကို ​ခေါ်လိုက်​သည့် အသုံးအနှုန်းကြောင့် မိုးသောက်ယံ၏ ရင်​ထဲ နင့်ခနဲ ခံစားလိုက်ရသည်​။

"မိုးသောက်ယံက သူငယ်ချင်းအသစ် ရနေပြီပဲ ။ သူတို့ အေးဆေးနေကြပါစေ နော် ကို ။ မဒီတို့ သွားရအောင်

မဒီက ပြောပြီး ရှိုင်း၏ လက်ကို ကိုင်ပြီး သူပိုင်ဆိုင်ကြောင်း တမင် ပြသည် ။

မိုးသောက်ယံ၏ ရင်​ထဲနာကျင်​​နေရ​သော်လည်း ဟန်​​ဆောင်​ပြုံးထားလိုက်သည် ။ ထို့နောက် အေးစက်စက်လေက လေသံဖြင့် ပြောလိုက်သည် ။

" ထွက်သွားပေးနိုင်မလား ။ ငါတို့ လွတ်လွတ်လပ်လပ် နေချင်လို့ "

ရှိုင်းက မဲ့ပြုံးပြုံးသည် ။

"ကောင်းပြီလေ ။ ငါ မင်းကို အနှောင့်အယှက် မပေးတော့ဘူး ။ မဒီ ကိုယ်တို့ သွားရအောင် "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now