part-7

5.1K 471 3
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၇ )

"ငါ မိုးသောက်ယံကို ကြည့်မရလို့ ။ ဟိုတစ်ခါ လူ​တွေရှေ့မှာ ငါ့ကို သူ အရှက်​ခွဲခဲ့တယ်​​ ။ အဲ့ဒါ​ကြောင့် ငါ သူ့ကို တမင် လုပ်​တာ မဒီ"

လမင်းက အေးဆေးတည်ငြိမ်စွာနှင့် ဖြေသည် ။

" နင်​က ကြည့်မရလို့ဆို​ပေမယ့် ငါ နဲ့ ရှိုင်းသာ နည်းနည်းနောက်​ကျပြီးမှ ​ရောက်​ခဲ့ရင်​ မိုးသောက်ယံ အသက်​အန္တရယ်​ရှိနိုင်​တယ်​ ။ နင်​ သိရဲ့လား "

"အင်း ။ ငါ မှားမှန်းသိပါပြီ မဒီရယ်​ ။ ငါက သူ့ကို သင်ခန်းစာပေးချင်ရုံပါ ။ သူ အသက်​အန္တရယ်​ဖြစ်​တဲ့ထိ မရည်​ရွယ်​ပါဘူးဟာ ။ နောက်​ပြီး သူ ​ရေမကူးတတ်​မှန်း ငါမှ မသိတာ "

"​အေးပါ ။ ပြီးသွားပြီဆို​တော့ ထားလိုက်​ပါ​တော့ ။ မိုးသောက်ယံက နင့်လက်ချက်ဆိုတာ မသိလို့ ​တော်​​သေးတယ်​ "

"အင်း ၊ ဟုတ်​တယ်​ ။ ငါလည်း မိုးသောက်ယံနဲ့ အ​ကြွေးမရှိ​တော့ဘူးဆို​တော့ ​နောက်​သူ့ကို ပြသနာရှာစရာအ​ကြောင်းမရှိ​တော့ပါဘူးဟာ "

"နင်​ အဲ့ဒီလိုလုပ်​လို့ မဖြစ်​ဘူး "

"ဟမ်​ ၊ ဘာလို့လဲ "

"နင်​ ငါ့ကို ကူညီရဦးမယ်​ လမင်း"

"ဘယ်​လို ။ နင်​ ဘာကိုဆိုလိုတာလဲ မဒီ "

"ငါ နဲ့ ရှိုင်း နီးစပ်​​အောင်​ နင်​ ကူညီ​ပေးရမယ်​ လမင်း ။ ပြီးရင်​ မိုးသောက်ယံကို ရှိုင်းနဲ့ အဆင်​မ​ပြေ​အောင်​ နင် လုပ်ပေးရမယ် "

"အဟင်း ...ဟင်း ၊ အေးပါ မေမဒီ ။ ငါ နင့်ကို ကူညီ​ပေးမှာ​ပေါ့ ။ ငါတို့က ညီအစ်မ​တွေပဲ​လေ "

မဒီ နှင့် လမင်းတို့ တစ်​​​ယောက်​နှင့် တစ်​​ယောက်​ ကြည့်ပြီး ရယ်​မိကြသည်​။ မဒီ နှင့် လမင်းဆို​တာ ငယ်​ငယ်​တည်းက အမြဲတတွဲတွဲပင် ၊ တစ်​ခုခုဆို နှစ်​ယောက်​သား အတိုင်​အ​ဖောက်​ညီကြသည်​။

××××××××××××××××××××

" ငါ ပြန်​​တော့မယ်​ ။ နောက်​​နေ့မှ ​တွေ့တာ​ပေါ့ "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now