part-27 (Final)

9.2K 533 39
                                    

Unicode

ချစ်မိသူ အရှုံး

( ဇာတ်သိမ်းပိုင်း )

နီညိုရောင် ရှပ်အင်္ကျီလက်ရှည်နှင့် စတိုင်ပင်ဘောင်းဘီအနက်ရောင် ဝတ်ထားသော လူငယ်လေးသည် ခြံဝန်းထဲကျယ်ကြီးထဲသို့ ဝင်လာသည် ။ သာယာလှပသော ညချမ်းမှာ အရောင်စုံသည့် မီးရောင်များကြား ထိုလူငယ်လေး၏ ကိုယ်ရောင်ဝါသည် တမူထူးခြားလျက် ခြံဝန်းထဲ၌ ရှိနေသူများ၏ အမြင်အာရုံကို ဆွဲဆောင်နေလေသည် ။

မိုးသောက်ယံသည် ရင်းနှီးနေသော ခြံဝန်းလေးထဲသို့ တစ်လှမ်းချင်း ဝင်လာခဲ့​သည် ။ ခြံဝန်းကျယ်ကြီးထဲရှိ စေ့စပ်ပွဲ ကျင်းပရာ ခန်းမအလယ်၌ ဧည့်ခံနေသော စုံတွဲက သူ့ကိုမြင်သော် အပြေးရောက်လာသည် ။

"ကိုယ်တော်ချော ရောက်လာပြီပဲ ။ ငါ နင့်ကို မျှော်နေတာ "

ထိုစုံတွဲမှ ကောင်မလေးက သူ့ကို ပြုံး၍ ဆိုသည် ။

"အင်း ၊ ငါ ကိစ္စနည်းနည်းရှိလို့ နောက်ကျသွားတာ "

"ရပါတယ်ဟာ ။ ရောက်လာပေးတာပဲ ကျေးဇူးတင်တယ် "

မိုးသောက်ယံသည် မိမိ၏ ရှေ့၌ အပြာနုရောင်ဂါဝန်ရှည်ဝတ်ဆင်ထားပြီး အလှကြီးလှနေသော လမင်းကို ငေးကြည့်မိသည် ။ လမင်း၏ ဘေးမှာ သူ့ချစ်သူ ကိုနန္ဒက လိုက်ဖက်ညီစွာ ရှိနေသည် ။ သူတို့နှစ်ယောက်ကို ကြည့်ပြီး မိုးသောက်ယံ၏ ရင်ထဲ  ကြည်နူးသွားရသလို တစ်ချိန်တည်းမှာပဲ ဆူးခနဲ နာကျင်သွားရသည် ။

"မိုးသောက် ၊ လမင်းနဲ့ အေးဆေး စကားပြောကြဦး ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ စကားသွားပြောလိုက်ဦးမယ် "

ကိုနန္ဒက အလိုက်သိစွာနှင့် နှုတ်ဆက်၍ စကားဝိုင်းမှ ရှောင်ထွက်သွားသည် ။

"ဒါနဲ့ ရှိုင်းရော အခြေအနေ ဘယ်လိုလဲ "

လမင်းက သူ့မျက်နှာကို ကြည့်၍ မဝံ့မရဲဟန်ဖြင့် မေးလာသည် ။

မိုးသောက်ယံ၏ မျက်နှာအမူအရာပျက်သွားရသော်လည်း လမင်းကို အားတင်း၍ ပြုံးပြလိုက်သည် ။

"အရင်အတိုင်းပါပဲ ။ နည်းနည်းတော့ တိုးတက်လာတယ်လို့ ဒေါက်တာကတော့ ပြောတယ် "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now