part-23

5.3K 457 12
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၃ )

ရှိုင်း အိပ်ရာနိုးလာချိန်၌ နွေးထွေးနူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည် ။ ထုံးစံအတိုင်း မိုးသောက်ယံတစ်ယောက် သူ့ကို အတင်းဖက်တွယ်ထားပြန်သည် ။ ဘယ်လောက်ခွာပြီး အိပ်အိပ် မရ ။ မနက်နိုးလျှင် မိုးသောက်ယံက သူ့ရင်ခွင်ထဲ အလိုလို ရောက်နေတတ်သည် ။

မနေ့ညက အကြောင်းပြန်တွေးမိတော့ ရှိုင်း  မျက်နှာပူလာသည်။ ဘာကြောင့်ရယ်မသိ ၊ ယခုနောက်ပိုင်း သူ့စိတ်တွေ ကယောက်ကယက် ဖြစ်နေသည် ။

ယခုလည်း အိပ်ပျော်နေသည့် ကောင်ဆိုးလေး၏ မျက်နှာကို ငေးကြည့်ရင်း ရင်ခုန်သံ မြန်လာသည် ။

ထိုစဥ် ကော့ညွတ်နေသော မျက်တောင်တစ်စုံက တဖျတ်ဖျတ်နှင့် လှုပ်ခတ်လာပြီး ကြည်လင်သော မျက်ဝန်းနက်တစ်စုံက သူ့ကို စိုက်ကြည့်လာသည် ။

ရှိုင်းသည် ချက်ချင်း ငေါက်ခနဲ ထထိုင်လိုက်သည် ။ မိုးသောက်ယံကလည်း အခြေအနေကို သတိထားမိပြီး ရှက်ပြုံးပြုံးသည် ။

"ဆောရီး "

မိုးသောက်ယံက ခပ်တိုးတိုးဆိုတော့ ရှိုင်း ခေါင်းညိတ်လိုက်သည် ။

ရှိုင်း တည်တည်ငြိမ်ငြိမ်နှင့်ပင် အိပ်ရာမှ ထလာခဲ့ပြီး ရေမိုးချိုးရန် ထွက်ခဲ့သည် ။ သူ့ရင်ထဲက နှလုံးသားကတော့ ဟန်မဆောင်နိုင်စွာ တဒုန်းဒုန်း နှင့် ကျယ်လောင်စွာ မြည်ဟီးလျှက် ရှိနေတော့သည်  ။

**************

"ဒီမှာ ငါးကြော်နှပ်ရယ် ၊ ဟင်းနုနွယ်ကြော်ရယ် ၊ ချဥ်ပေါင်ဟင်းချို "

မိုးသောက်ယံက ဟင်းခွက်တွေကို တစ်ခုချင်းစီ ချပေးရင်း ပြောသည် ။ ဝေယံကတော့ စားပွဲဝိုင်းမှာ နေရာယူကာ မျက်လုံးလေးပြူး၍ တအံ့တသြ ကြည့်နေလေသည် ။ ထို့နောက် ဝေယံက မနေနိုင်စွာဖြင့် မေးသည် ။

"ဒါတွေ အကုန် မင်း ချက်ထားတာလား "

ဝေယံ့ စကားကြားတော့ မိုးသောက်ယံက ဖြူဖွေးညီညာသော သွားတန်းလေးများ ပေါ်အောင် ရယ်လေသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now