S2 ( part - 5)

3.9K 341 32
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၅ )

ရှိုင်း၏ နားထဲ ဝမ်းနည်းစရာ ကောင်းလှသည့် ခေါ်သံတိုးတိုးက ဝင်လာသည် ။ သူ ချက်ချင်းပင်  အနမ်းတွေကို ရပ်တန့်လိုက်သည် ။ မိုးသောက်ယံက စူးစိုက်၍ ကြည့်နေတော့ ပြုံးပြလိုက်သည် ။

"အိပ်တော့နော် ။ ကိုယ် ခြံတံခါးသော့ခတ်မိရဲ့လားမသိဘူး ။ သွားစစ်လိုက်ဦးမယ် "

တစ်စုံတစ်ခု အကြောင်းပြ၍  ထွက်လာခဲ့သည် ။ သူ့ ရင်ထဲမှာ ဘာကြောင့်မှန်း မသိ မွန်းကျပ်နေ၏ ။  သူ ခြံထဲဆင်း၍ လမ်းလျှောက်ရန် ထွက်လာချိန် ခြံထဲရှိ ခုံတန်းလေးမှာ ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏ ။

သူ မျက်လုံးကို လက်ဖြင့် ပွတ်၍ ထပ်ကြည့်မိ၏ ။ ယခုတော့ ဘာမှ မရှိ ။ ရှင်းလင်းနေ၏ ။

မိုးသောက်ယံက အပေါ်က အခန်းမှာဖြစ်၏ ။ ယခုန တွေ့လိုက်ရသည့် ပုံရိပ်ကလည်း မိုးသောက်ယံ၏ ပုံရိပ် ဖြစ်နေခဲ့၏ ။ နားမလည်နိုင်ခြင်းများစွာက ယနေ့မှာ သိပ်ကို များပြားနေခဲ့၏ ။ ဘာကြောင့်လဲ ။

သူ ခုံတန်းလေးမှာ ဝင်ထိုင်ပြီး မှောင်မိုက်နေသော ကောင်းကင်ကို ငေးကြည့်နေမိ၏ ။ ထိုစဉ် သူ့ပခုံးမှ အထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏ ။ သူ့ ကြည့်လိုက်သော် ဘာမျှမရှိ ။ ရှိုင်း ခေါင်းခါရင်း အဝေးကို အကြည့်တွေ ပို့လိုက်၏ ။

သူ့ပခုံးသို့ မှီတွယ်နေခဲ့သော ကောင်လေးတစ်ယောက်ကတော့ မျက်ရည်တွေနှင့် နွမ်းလျစွာ  ပြုံးနေခဲ့လေ၏ ။

**************

"ယံယံ မနက်စာစားပြီးရင် လျှောက်လည်ရအောင် ။ ကိုယ်တို့ ခုချိန်ထိ  ဘယ်မှ မသွား​ရသေးဘူးလေ "

ရှိုင်းက ရေချိုးခန်းထဲမှ ထွက်လာပြီး ခေါင်းကို သဘတ်ဖြင့် ရေသုတ်သည် ။ ထို့နောက် ကုတင်ပေါ်မှာ လှဲနေသည့် မိုးသောက်ယံကို  ကြည့်၍ ဆို၏ ။

"မသွားချင်ဘူး "

မိုးသောက်ယံက မတုံ့မဆိုင်းဘဲ ဖြေသည် ။

"ဘာလို့လဲ ။ မင်း အိမ်မှာ နေရတာ မပျင်းဘူးလား "

"မပျင်းဘူး ။ ငါ ရန်ကုန်မြန်မြန် ပြန်ချင်တယ် ။ ဒီနေရာမှာ မနေချင်ဘူး "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now