(Season 2) part - 1

5.8K 405 42
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၁ )

ရှပ်...ရှပ်.....ရှပ်

မိုးသောက်ယံ အိပ်ပျော်နေစဥ် ခြေသံကြား၍ နိုးလာခဲ့သည် ။ တံခါးပိတ်မထားသောကြောင့် ပြတင်းပေါက်မှ တဆင့်  လရောင်က အခန်းတွင်းသို့ ဖြာကျနေသည် ။ ထို့ပြင် အေးစိမ့်စိမ့် ညလေက တဖြူးဖြူးနှင့် ပြတင်းမှ တိုးဝင်တိုက်ခတ်လာသည် ။

မိုးသောက်ယံသည် ကုတင်ပေါ်မှ ထပြီး ဘီဒိုပေါ်က နာရီကို ကြည့်လိုက်တော့ ည ဆယ့်နှစ်နာရီ ။ ထိုစဥ် ခြေသံတွေက သူ့အခန်းရှေ့မှ ထပ်ကြားလာရပြန်သည် ။ သူ မျက်မှောင်ကြုတ်၍ ကုတင်ပေါ်မှ ထလိုက်သည် ။ အခန်းတံခါးကို ဖွင့်၍ ကြည့်လိုက်သော် မည်သူမျှ မရှိချေ ။ သူ မျက်မှောင်ကြုတ်၍ အခန်းအပြင်သို့ ထွက်လိုက်သည်  ။

တစ်အိမ်လုံးက တိတ်ဆိတ်နေသည် ။ ညသန်းခေါင်ဆိုတော့ အားလုံးလည်း အိပ်စက်အနားယူနေကြ၏ ။ ခြေသံရှင် ဘယ်သူများလဲဟု သူ တွေးရင်း နေရာအနှံ့ မျက်လုံးကစား၍ ကြည့်လိုက်သည် ။

"ဟင် "

ရှပ်...ရှပ်

ခြေသံက သူ့အနောက်မှ ရုတ်ချည်း ပေါ်လာတော့ သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ လှည့်ကြည့်လိုက်သော် ကျောပေးပြီး လမ်းလျှောက်သွားသည့် သူစိမ်း မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို လှမ်းတွေ့လိုက်ရသည် ။ မာမီကလွဲလျှင် သည်အိမ်မှာ ဘယ်မိန်းကလေးက ရှိလို့လဲ ။ မိုးသောက်ယံ မျက်မှောင်ကြုတ်၍ ခြေလှမ်းကျဲကျဲနှင့် အမြန် လိုက်သွားသည် ။ ထိုမိန်းကလေးက လှေကားမှ တဆင့် အောက်ထပ်သို့ ဆင်းသွားတာ တွေ့လိုက်ရသည် ။

မိုးသောက်ယံ လှေကားထိပ်သို့ ရောက်သော် မည်သူမျှ မတွေ့ချေ ။ သူ လှေကားထိပ်မှ တစ်လှမ်းချင်း ဆင်းခဲ့သည် ။

ရှပ်..ရှပ်

ရုတ်တရက် နောက်မှ ခြေသံကြား၍ လှည့်အကြည့် တွေ့လိုက်ရသည်က မဒီ့၏ ကြောက်မက်ဖွယ်ကောင်းသော သွေးပျက်စရာ မျက်နှာ ။ မဒီ့မျက်နှာက သွေးအလိမ်းလိမ်းနှင့် မျက်လုံးတွေ ပြူးကျယ်၍ မျက်ကွင်းတွေက ချိုင့်ဝင်နေသည် ။ မျက်နှာထက် ဒဏ်ရာဒဏ်ချက်များစွာနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အသက်ရှူရပ်သွားလောက်အောင် ထိတ်လန့်စရာကောင်းလှသည် ။ မျက်ဝန်းတွေက နာကြည်းရိပ်တွေနှင့် ပြည့်နေကာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now