S2 ( part - 6 )

3.9K 375 28
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၆ )

မိုးသောက်ယံသည်  အနောက်သို့ လှည့်ကြည့်မိ၏ ။ မည်သူမျှ ရှိမနေခဲ့ပေ ။ ထို့ကြောင့် ကိုခန့်မင်းနောင်ကို မျက်လုံးအဝိုင်းသားနှင့် ငေးကြောင်၍ ပြန်ကြည့်မိသည် ။

"ကိုခန့် ကျွန်တော့်ကို မြင်ရတာလား "

သူ ယုံတစ်ဝက် ၊ မယုံတစ်ဝက်ဖြင့် မေးမိသည် ။ သူ့ မေးခွန်းကို ပြန်ဖြေပါ့မလား ဟု ရင်ထဲမှာ တထိတ်ထိတ်နှင့် ။

"အင်းလေ ။ ဘာတွေဖြစ်နေတာလဲ မိုးသောက် ရဲ့ "

ခန့်မင်းနောင်က စိတ်နှင့်ကိုယ်မကပ်သလို ဖြစ်နေသော မိုးသောက်ယံကို ကြည့်၍ နားမလည်နိုင်သလို မေးသည် ။

"ဟို...ဒီလိုပါ "

"ဘယ်သူလဲ "

မိုးသောက်ယံ ပြောနေစဉ်မှာပဲ ကြားဖြတ်မေးမြန်းသံက အိမ်ထဲမှ ထွက်လာသည် ။ မိုးသောက်ယံ မျက်လုံးပြူး၍ ခြံအပြင်သို့ လေလို အမြန်နှုန်းဖြင့် ထွက်ကာ နံရံအကွယ်မှာ ပုန်းလိုက်သည် ။ ထို့နောက် ကိုခန့်မင်းနောင်ကို သတိရ၍ ပြန်ကြည့်မိသည် ။ သူ့ကို အံ့သြဟန်ဖြင့် ကြည့်နေတာ တွေ့လိုက်ရသည် ။

မိုးသောက်ယံသည် မိမိ၏ နှုတ်ခမ်းထက် လက်ညိုးတစ်ချောင်း ထောင်၍ တိတ်တိတ်နေရန် အချက်ပြလိုက်သည် ။

"ဘာကိစ္စလဲ "

ခန့်မင်းနောင်သည် အသံကြား၍ ကြည့်လိုက်သော် ခြံဝန်းအတွင်း၌ ရပ်နေသူက မိုးသောက်ယံ ။ မိမိ၏ မလှမ်းမကမ်းမှာ ရပ်နေသူကို တစ်ချက် ပြန်ကြည့်မိ၏ ။ တစ်စုံတစ်ခုက မှားယွင်းနေမှန်း သူ နားလည်လိုက်သည် ။

"ဂေဟာက ကလေးတွေအတွက် မုန့်လာမှာရင်း လမ်းကြုံလို့ ဝင်ခဲ့တာ "

"အထဲဝင်ဦးမလား "

မေးသံက ခပ်ပြတ်ပြတ် နှင့် ဟိုရက်က သူနှင့် တရင်းတနှီး ပြောခဲ့သော မိုးသောက်ယံ၏ ပုံစံနှင့် ကွာခြားလှသည် ။ ဘေးကို ကြည့်လိုက်သော် နောက်မိုးသောက်ယံကတော့ သူ့ကို  မျက်နှာငယ်နှင့် ကြည့်နေသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now