part-21

5.2K 448 18
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၁ )

"ဘာပြောတယ် မိုးသောက်ယံ "

"ငါ မင်းကို ချစ်တယ် ရှိုင်း "

ရှိုင်း၏ အထင်သေးရှုံ့ချသည့် အကြည့်တွေကို မိုးသောက်ယံ လျစ်လျူရှုပြီး နောက်တစ်ကြိမ် ဝန်ခံစကားဆိုသည် ။

"တော်တော့ ။ မင်း ထပ်မပြောနဲ့တော့ ။ မင်း ငါ့ကို တမင် စိတ်အနှောင့်အယှက် ပေးနေတာမဟုတ်လား "

ရှိုင်းက မိုးသောက်ယံ၏ စကားကို လက်မခံနိုင်၍ ထပ်မေးသည် ။

"မဟုတ်ဘူး ရှိုင်း ။ ငါ အတည်ပြောနေတာ "

"တောက်!"

ရှိုင်း၏ ဒေါသတကြီး တက်ခေါက်သံကြောင့် မိုးသောက်ယံ ကိုယ်လေး တုန်သွားသည် ။ ရှိုင်း၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေပြီး အကြည့်တွေက ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလို အားပြင်းလှသည် ။

"ဒါဆို မဒီ ပြောတာအမှန်ပဲပေါ့ ။ မဒီ နဲ့ ငါ့ စေ့စပ်ပွဲကို ပြတ်အောင် မင်း တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ကြံစည်ခဲ့တာပေါ့ ဟုတ်လား "

ရှိုင်း၏ အေးစက်စက် လေသံနှင့် စွပ်စွဲမှုကြောင့် မိုးသောက်ယံ ခေါင်းခါ၍ ငြင်းဆန်မိသည် ။

"မဟုတ်ဘူး ရှိုင်း ။ ငါ မရည်ရွယ်ခဲ့ပါဘူး ။ မတော်တဆ ပါကွာ ။ မင်းကို တွေ့ဖို့လာရင်း ငါ နေမကောင်းလို့ မေ့လဲသွားတာပါ "

ရှိုင်းက သူ့ကို စိတ်ပျက်စွာ စိုက်ကြည့်လာသည် ။

"ငါ မင်းကို မယုံဘူး မိုးသောက်ယံ ။ မင်းက မွေးတည်းက သူများအပေါ် အနိုင်လိုချင်နေတဲ့ ကောင် ။ ငါမရှိရင် မင်း အနိုင်ကျင့်တိုင်း ခေါင်းငုံ့ခံမယ့် သူ မရှိမှာစိုးလို့ မလုပ်သင့်တာတွေ လျှောက်လုပ်နေတာ ။ ဟုတ်တယ် ဒါ သေချာတယ် "

ရှိုင်းက မိုးသောက်ယံကို ပြောရင်း သူ့စိတ်ကိုပါ နားလည်အောင် ပြန်သတိပေးနေသည် ။

"မဟုတ်ဘူး ။ ငါ မင်းကို တကယ် ချစ်တာပါ ။ မင်း ပြောသလို မဟုတ်ဘူး ရှိုင်း "

မိုးသောက်ယံက အရူးတစ်ယောက်လို တတွတ်တွတ် ပြောဆိုသည် ။

"တိတ်စမ်း မိုးသောက်ယံ ။ မင်းဆီက ဒီလို အရူးစကားတွေ ကြားနေရတာ ရွံစရာကောင်းတယ် ။ ယောကျာ်းချင်းကို မင်းမို့ ပြောရက်တယ် ။ မင်း ဦးနှောက်ထဲမှာ ပေါက်ကရအတွေးတွေ ဘယ်အချိန်ထဲက ရှိနေခဲ့တာလဲ ။ တောက်! မင်းကွာ... "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now