part-6

5.2K 479 12
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၆ )

မိုးသောက်ယံသည် အသိမလွတ်မီ နောက်​ဆုံးမြင်​လိုက်​ရသည်က သူရှိရာသို့ ကူးခတ်​လာ​သော ပုံရိပ်​တစ်​ခု ။ ထို့​နောက်​ အရာအားလုံး အ​မှောင်​ကျသွား​တော့သည်​။

××××××××××××××××

ရှိုင်းသည် မဒီ့ကို ကူညီပြီး ပြန်​​ရောက်​ချိန်​တွင်​ မိုးသောက်ယံသည် ပါတီကျင်းပသည့် နေရာတွင် မရှိ​တော့ချေ ။

"မိုးသောက်ယံ ဘယ်​​ရောက်​သွားတာလဲ "

"သူ ဒီမှာ နေရတာ ပျင်းလို့ ပြန်​သွားတာများလား "

"မဟုတ်​​လောက်​ဘူး မဒီ ။ ကျွန်​​တော်​ လိုက်​ရှာလိုက်​ဦးမယ်​ "

မဒီက မ​ကျေနပ်​​ပေမယ့် ဟန်​​ဆောင်​ရင်း ခေါင်းညိတ်လိုက်သည် ။

"မဒီပါ ကူရှာ​ပေးမယ်​​လေ "

"အင်း "

ရှိုင်းနှင့် မဒီတို့ လိုက်​ရှာ​နေရင်း ခြံအ​နောက်​ဘက်​က ​ရေကန်​ကြီးအနားသို့ ​ရောက်​လာခဲ့သည်​ ။​ ​ရေကန်​နားမှာ မိုးသောက်ယံ၏ ​ဖိနပ်လေးတစ်ဖက်က ​ရေကန်စပ်တွင် ကျနေသည်​ ။ ရှိုင်း အလန့်တကြားဖြစ်​သွားပြီး ​ရေကန်​ဆီ အကြည့်အရောက်​​ ပုံမှန်​အတိုင်း ငြိမ်​သက်​​နေရမည့် ​ရေကန်​က တစ်​ခုခုပြုတ်​ကျထားခဲ့သလို မငြိမ်​မသက်​ဖြစ်​​နေသည်​။

ရှိုင်းသည် စိုးရိမ်​စိတ်​နှင့်အတူ ပူထူသွားပြီး ​ရေကန်​ထဲသို့ ခုန်​ဆင်းလိုက်သည် ။ ထို့နောက် ​ရေငုပ်​ကာ မိုးသောက်ယံ၏ ပုံရိပ်လေးကို အသည်းအသန် ရှာ​နေမိသည်​။ ​ရေထဲမှာ ငြိမ်သက်နေသည့် မိုးသောက်ယံ၏ ပိန်ပါးပါး ခန္ဓာကိုယ်လေးကို မြင်တော့ လျှင်​မြန်​စွာ ကူးခတ်​သွားပြီး လက်တစ်ဖက်နှင့် တင်းကျပ်စွာ ဖက်တွယ်လိုက်သည် ။ ထို့နောက် ​ရေပြင်ပေါ်သို့ တက်ကာ အားထည့်ကူးခတ်၍ မြေပြင်ပေါ်သို့ရောက်သော် အသာအယာ ချလိုက်သည် ။

ရှိုင်းသည် မိုးသောက်ယံကို လှုပ်နှိုး၍ မရတော့ ရင်ဘတ်နားကို ကပ်၍ နှလုံးခုန်သံကို နားစွင့်မိသည် ။ နှလုံးခုန်နှုန်းသည် နှေးကွေးလွန်းနေပြီး စိုးရိမ်ရသော အခြေအနေရှိတာကြောင့် ရှိုင်းသည် လက်ဖဝါးနှစ်ဖက်ကို ထပ်၍ မိုးသောက်ယံ၏ ရင်ဘတ်အလယ်တည့်တည့်မှာ တင်ပြီး ဖိချလိုက်သည် ။ ထို့သို့ ဖိချလိုက် ပြန်ကြွလိုက်နှင့် အကြိမ်များစွာ ကြိုးစားသော်လည်း သတိမရသေးတာကြောင့် မိုးသောက်ယံ၏ နှာခေါင်းကို အသာပိတ်၍ ပါးစပ်တွင်းသို့ လေမှုတ်သွင်းလိုက်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now