part - 5

5.7K 499 8
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၅ )

မိုးသောက်ယံသည် ရုတ်တရက်မို့ လန့်​သွားတာ​ကြောင့် ရှိုင်းကို ဖက်​လိုက်​မိခြင်းဖြစ်သည် ။ သို့သော် ခဏအကြာ ​နွေး​ထွေးသည့် ​အထိအ​တွေ့က သူ့ကို ဆက်​ပြီးဖက်​ထားချင်​​အောင်​ ဆွဲ​ဆောင်​​နေ​လေသည်​ ။ တဒိတ်​ဒိတ်​ အခုန်​မြန်​​နေ​သော ရင်​ခုန်​သံ​ကြောင့် သူကိုယ်​တိုင်​ အံ့သြမှင်​သက်​သွားရသည်​။
ဒါ​ပေမဲ့ အရာအားလုံးကို ခဏ​မေ့ထားကာ မိုးသောက်ယံသည် မျက်​စိမှိတ်​ထားပြီး ရှိုင်း၏ ခါးကို ပို၍ တင်းကျပ်စွာ ဖက်တွယ်ရင်း ခေါင်းလေးပါ မှီလိုက်​သည်​။

ရှိုင်းမှာ​တော့ အတင်းဖက်​တွယ်​ထား​သော မိုးသောက်ယံကြောင့် မျက်ခုံးတို့ တွန့်ချိုးသွားသည် ။ ​ယောကျာ်းလေးအချင်းချင်း ပူးကပ်နေတာက ကိစ္စကြီးတစ်ရပ် မဟုတ်သော်လည်း သူ့အနားတွင်ရှိနေသည့် သူမှာ မိုးသောက်ယံ ဖြစ်နေတာကြောင့် စိတ်ညစ်ညူးသွားရသည် ။ သူ မောင်းတာ မြန်တာကြောင့် မိုးသောက်ယံ လန့်ပြီး ဖက်ထားတာများလား ဟု တွေးမိတော့ ဆိုင်​ကယ်​ကို အရှိန်​​လျော့လိုက်​​သော်လည်း ရှိုင်း ထင်​သလို ဖြစ်​မလာဘဲ သူ့​လက်​​တွေက ပိုပြီး​တော့​ပင် တင်းကျပ်​စွာ ဖက်​တွယ်​လာ​သေးသည်​ ။ ရှိုင်း သက်​ပြင်းချကာ ဆိုင်​ကယ်​ကို အရှိန်​မြှင့်ပြီး အိမ်​မြန်​မြန်​​ရောက်​​အောင်​သာ ​မောင်းခဲ့တော့သည်​။

⚡⚡⚡⚡⚡⚡⚡⚡⚡

"ယံယံ ၊ ဒီ​နေ့ သူငယ်ချင်းနဲ့ ပြန်​ရတာ အဆင်​​ပြေရဲ့လား "

​ဒယ်ဒီက ညစာစားနေစဥ် မေးတော့ မိုးသောက်ယံသည် ထမင်းစား​နေရာမှ ရပ်​တန့်သွားပြီး ​ရှိုင်းကို လှမ်းကြည့်မိသည် ။ ရှိုင်းက သူ့ကို မ​ကျေမနပ်​ကြည့်နေသည်​နှင့် ထိပ်တိုက်တိုးသည် ။

"​ဒယ်ဒီ ၊ သား သူငယ်​ချင်း ဝေယံက သွားစရာရှိတယ်​ဆိုလို့ ။ သား ၊ ကိုကိုနဲ့ပဲ အတူပြန်လာခဲ့တာ "

"ဘယ်​လို ၊ ယံယံက ဆိုင်​ကယ်​စီးရဲလို့လား "

ဒယ်ဒီက မျက်လုံးပြူးပြီး အံ့သြသွားဟန်ဖြင့် မေးသည် ။ မိုးသောက်ယံက ပြုံးပြီး ခေါင်းညိတ်လိုက်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now