part-2

7.4K 633 4
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၂ )

မိုးသောက်ယံသည် ခြံထဲက ခုံ​လေးမှာ ထိုင်​​နေတာ အချိန်​အ​တော်​ကြာ​နေပြီဖြစ်​သည်​။ ​သည်နေ့ ဒယ်ဒီ ပြန်​လာလျှင် သူ့အတွက်​ သူငယ်​ချင်းတစ်​​ယောက်​​ခေါ်လာမည်​ဟု ​ပြော​သော​ကြောင့်ပင်​။

သူ ​တွေ့ရမည့် သူငယ်​ချင်းအ​ကြောင်း ​တွေးရင်းနှင့် စိတ်​လှုပ်​ရှား​နေမိသည်​။ ထိုအချိန်​တွင် ဒယ်ဒီ့ကား​လေးက ခြံထဲသို့ ဖြေညင်းစွာ ဝင်​လာ​လေသည်​။ ​ဒယ်ဒီက ကား​ပေါ်မှ ဆင်းလာပြီး ကားအ​နောက်​ခန်း တံခါးဖွင့်ပေး​တော့ ​ကောင်​​လေးတစ်​​ယောက်​ ဆင်းလာ​လေသည်​။

"​ဒယ်ဒီ "

"ယံယံ ၊ ဒီမှာ သားအတွက်​ သူငယ်​ချင်း ခေါ်လာတယ် ။ သူ့နာမည်​က ရှိုင်း တဲ့ ။ ဒီ​နေ့ကစပြီး ​ဒယ်ဒီတို့နဲ့ တူတူ​နေ​တော့မှာ ။ သားလေးထက် သုံးနှစ်​ကြီးတယ် ။ ကိုကိုလို့​ ခေါ်​နော်​ "

"ကိုကို "

မိုးသောက်ယံသည် ခပ်​တိုးတိုး​ရေရွတ်​ရင်း ​ဒယ်ဒီ့ဘေးက ​ကောင်​​လေးကိုကြည့်မိသည်​။ ထိုကောင်လေးက သူ့ထက် ​ အရပ်​ရှည်သည် ။ ထို့ပြင် ခပ်နွမ်းနွမ်းအဝတ်အစားကို ဝတ်ဆင်ထားပြီး ညစ်​ပတ်​​ပေ​ရေ​နေသည်​။ သည်လိုလူမျိုးက သူ့ သူငယ်ချင်းတဲ့လား ။

"​ဒယ်ဒီ ၊ သား သူ့ကို မလိုချင်​ဘူး ။ သူက ညစ်​ပတ်​တယ်​ "

ရှိုင်းသည် သူ့ကို ညစ်​ပတ်​သည်ဟု ​အော်​​ပြော​နေသော ​ကောင်လေးကို မ​ကျေမနပ်​ကြည့်မိသည်​ ။ သည်နေရာမှာ သူ ​နေနိုင်​ဖို့ဆိုလျှင် သည်ကောင်​လေး ကြည်​ဖြူမှသာ ဖြစ်​မည်​ ။ ဒါ​ကြောင့် စိတ်​ဆိုးသည့်အမူအရာ မ​ပေါ်​စေအောင် ​ခေါင်းကိုသာ ငုံ့ထားမိသည်​။

"ယံယံ သူက အ​ဝေးကြီးက လာတာဆို​တော့ ​ရေမချိုးရ​သေးဘူး​လေ ။ သားလေးက လိမ်​မာပါတယ် ။ လာ...အိမ်​ထဲ ဝင်ရ​အောင်​ "

မိုးသောက်ယံက နှုတ်​ခမ်းကိုမဲ့ပြီး ​အိမ်​ထဲကို ​ပြေးဝင်​သွားသည်​။

"လာ ရှိုင်း ၊ အိမ်​ထဲ ဝင်​ရ​အောင်​ "

"ဟုတ်​ကဲ့ ဦး "

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now