S2 ( part - 7)

4K 360 32
                                    

Unicode

Season -  2

ချစ်မိသူ အရှုံး

အခန်း ( ၇ )

"ကျွန်တော် ပြောတာ အမှန်ပဲ ရှိုင်း ။ ဟိုရက်က မိုးသောက် လှေကားပေါ်က ပြုတ်ကျသေးတယ် မဟုတ်လား "

ကိုခန့်မင်းနောင်၏ စကားဆုံးတော့ ရှိုင်း၏ မျက်ခုံးတို့ တွန့်ချိုးသွားသည် ။

"ခင်ဗျား ဘယ်လိုသိလဲ ။ ယံယံ ပြောတာလား "

"အင်း ၊ ကျွန်တော့်ကို မိုးသောက် ပြောပြတာ ။ ဒါပေမဲ့ ခင်ဗျားရဲ့ အနားမှာ ရှိနေတဲ့ မိုးသောက် မဟုတ်ဘူး "

ကိုခန့်မင်းနောင်၏ စကားတွေကြောင့် ရှိုင်း ခေါင်းရှုပ်သွားရသည် ။

"ခင်ဗျား ပြောမယ်ဆိုလည်း ရှင်းရှင်းလင်းလင်း ပြော "

"ဒါဆို ကျွန်တော် ပြောမယ့်စကားကို သေချာနားထောင်ပေးပါ ရှိုင်း "

ရှိုင်း သက်ပြင်းသဲ့သဲ့ချ၍ ခေါင်းညိတ်လိုက်သည် ။ ထိုအခါ ကိုခန့်မင်းနောင်က လေးနက်သော ဟန်ပန်ဖြင့် စကားစတော့သည် ။

"လှေကားက ကျတဲ့အချိန်မှာ မိုးသောက်ရဲ့ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ခဏ လွင့်သွားတယ် ။ အဲ့ဒီအချိန်မှာ အသင့်စောင့်နေတဲ့ မဒီ့ဝိညာဉ်က မိုးသောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးသွားခဲ့တာ "

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ။ အဓိပ္ပါယ် မရှိလိုက်တာ "

ရှိုင်းက မယုံကြည်သလို ခေါင်းခါသည် ။

"ဖြစ်နိုင်ချေ ရှိ ၊ မရှိကို သေချာပြန်စဉ်းစားကြည့်ဦး ရှိုင်း ။ မိုးသောက်ရဲ့ ပုံစံက သိသိသာသာ ပြောင်းလဲမသွားဘူးလား "

ရှိုင်းက မျက်မှောင်ကြုတ်၍ ကိုခန့်မင်းနောင်ကို စူးစိုက်ကြည့်သည် ။

"ပြောင်းလဲသွားတာ မှန်ပေမယ့် ခင်ဗျား ပြောသလို မဟုတ်ဘဲ  သူ့ စိတ်အခြေအနေကြောင့် ပိုဖြစ်နိုင်တယ် ။ သူ ဒီနေရာဒေသကို မကြိုက်ဘူးထင်တယ်  "

ခန့်မင်းနောင်က ဘာဆက်ပြောရမှန်းမသိတော့ ။ စိတ်ညစ်ညူးစွာနှင့် မိုးသောက်ယံကို လှမ်းကြည့်မိသည် ။ ရှိုင်း၏ ဘေးမှာ မျက်နှာငယ်လေးနှင့် ။ ထိုအရာကို မြင်တော့ ခန့်မင်းနောင်၏ စိတ်ထဲ ဒေါသက တဖန်  မြင့်တက်လာသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now