part-12

4.9K 430 4
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၂ )

ရှိုင်းသည် ဖိနပ်ချွတ်နေရင်း ကြားလိုက်​ရသည့် မဒီ့အ​မေအသံကြောင့် မျက်ခုံးတွန့်သွားသည် ။ သူ ထိုအသံကို မကြား​ခဲ့တာကြာ​ပေမယ့် ဘယ်​​တော့မှ မေ့မည်မဟုတ်ပေ ။ ​ထိုအသံသည် တစ်ချိန်က သူ ရင်းရင်းနှီးနှီး ကြားဖူးနေခဲ့သော အသံဖြစ်သည် ။

မဖြစ်​နိုင်​တာ ဟု မိမိ​အ​တွေးကို ပယ်​​ဖျောက်​ပြီး ရှိုင်း အိမ်​ထဲ ဝင်​လိုက်​​သည် ။ ​တွေ့လိုက်​ရသည့် မျက်​နှာ​ကြောင့် အံသြဆွံအသွားရသည်​ ။ သူ့မှတ်ညဏ်ထဲမှာ မတွေ့ရတာကြာပြီ ဖြစ်သည့်မျက်နှာပိုင်ရှင်၏ ပုံရိပ်သည် ဝေဝါးနေခဲ့သော်လည်း ယခု ပြန်တွေ့သည့်အခါ ပုံရိပ်က အတိအကျပြန်ပေါ်လာသည် ။ သွေးက စကားပြောသည်ဆိုတာ ဒါများလား ။

"ရှိုင်း ဒါ မဒီ့ ​မေ​မေ​လေ ။ ​မေ​မေ ၊ ဒါ မဒီ့ရဲ့ ချစ်​သူ ရှိုင်း "

​ဒေါ်ခတ္တာသည် ရှိုင်းဆိုသော နာမည်ကြားချိန်၌ မျက်နှာက အကြီးအကျယ် ပျက်သွားသည် ။ ထို့နောက် ရှိုင်းကို သေချာစိုက်ကြည့်ပြီး မျက်​ရည်​ဝဲလာ​တာကို ထိန်း၍ ပြုံးလိုက်​သည်​။

"ရှိုင်း ဒီမှာ ထိုင်​​လေ ။ မေမေ ဘာလို့ ကြည့်နေတာလဲ ။ ရှိုင်းကို မနှုတ်​ဆက်​ဘူးလား "

မဒီက တိတ်ဆိတ်နေသော အမေဖြစ်သူနှင့် ရှိုင်းကို ကြည့်ပြီး စကားတွေ ရေပက်မဝင်အောင် ပြောသည် ။

"အင်း ၊ သား ထိုင်​​နော်​ ။ ကိုယ့် အိမ်​လိုသ​ဘောထား "

ဒေါ်ခတ္တာက သတိဝင်ပြီး ပြောလိုက်သည် ။

"​မေ​မေ ၊ ဖေ​ဖေ​ရော "

"သမီးအ​ဖေ အ​ရေးကြီးအစည်းအ​ဝေး​ပေါ်လာလို့ ခုနပဲ သွားတယ်​ "

"ဟွန့် ဖေ​ဖေကလည်း ။ မဒီ ဒီ​လောက်​​ပြောထားတာကို ။ ရှိုင်းကို အားနာစရာကြီး "

"ရပါတယ်​ မဒီ ။ ကျွန်​​တော်​က ကိစ္စမရှိပါဘူး "

"မဒီ အဝတ်​သွားလဲလိုက်​ဦးမယ်​ ရှိုင်း ။ မေ​မေနဲ့ စကား​ပြောနှင့် "

"အင်း "

မဒီက ​​​ဒေါ်ခတ္တာကို ကြည့်ပြီး ရှိုင်းကို အကဲခတ်​ဖို့ အချက်​ပြ၍ ထွက်သွားသည် ။ မဒီ ထွက်​သွား​တော့မှ ​ဒေါ်ခတ္တာသည် ရှိုင်းကို ကြည့်ပြီး ရင်​ထဲနာကျင်​​လာရသည် ။ သို့သော် ဟန်​​ဆောင်​ပြုံးထားမိသည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now