part-4

6.1K 548 11
                                    

Unicode

ချစ်မိသူ .... အရှုံး

(အခန်း - ၄ )

"မိုးသောက်ယံ "

ရှိုင်းသည် မိုးသောက်ယံ၏ နာမည်​အပြည့်အစုံကို ​ခေါ်ပြီး သတိ​ပေးလိုက်​သည်​။

မိုးသောက်ယံက မသိချင်​​ယောင်​​ဆောင်​ပြီး ရှိုင်း၏ ဘေးနားမှာ ရပ်​​နေသည့် လမင်းကို စိုက်​ကြည့်ပြီး ထပ်ပြောသည် ။

"ဒီမှာ ကိုကိုက ငါ့ချစ်​သူလို့ ​ပြောပြီးတာ​တောင်​ မင်းက ဘာလို့ ရပ်​​နေ​သေးတာလဲ ။ မသွား​သေးဘူးလား "

လမင်း၏ မျက်​နှာက မိုးရွာချ​တော့မည့် ​ကောင်းကင်​ကဲ့သို့ အုံမှိုင်းသွားပြီး ရှိုင်းကို တစ်​ချက်​စိုက်ကြည့်သည် ။

"လမင်း သွား​တော့မယ် ရှိုင်း ။ နောက်​မှ ​တွေ့ကြတာ​ပေါ့ "

"အင်း ၊ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ လမင်း "

"ရပါတယ်​ ရှိုင်း "

လမင်း ထွက်​သွားပြီး​နောက်​ ရှိုင်းသည် မိုးသောက်ယံကို ကြည့်လိုက်သည် ။

"မိုးသောက်ယံ မင်း ဘယ်​လိုလုပ်​လိုက်တာလဲ ။ မင်းကြောင့် လမင်း ၊ ငါ့ကို ဘယ်လိုထင်သွားမလဲ ။ နောက်ပြီး မင်းရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်းနဲ့ တရားလွန်လာပြီ "

မိုးသောက်ယံက မျက်​နှာမဲ့ရွဲ့ပြီး ပြုံးသည် ။

"ဟုတ်လား ၊ အဲ့ဒီတော့ ဘာဖြစ်လဲ ။ နောက်ပြီး ရှိုင်း မင်းကို ဒယ်​ဒီက ကျောင်းထား​ပေးတာ ရည်းစားထားဖို့အတွက် မဟုတ်​ဘူး ။ နားလည်​လား "

ရှိုင်းသည် ​ပေါက်​ကွဲ​ထွက်တော့မည့် ​ဒေါသတို့ကို မြိုသိပ်​ရင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည် ။

"လမင်း နဲ့ ငါက သူငယ်​ချင်းတွေ ။ လမင်းက ငါ့ကို စာ​မေး​နေတာ ။ မင်း ​ပြောလိုက်​လို့ သူ ဘယ်​​လောက်တောင် အရှက်​ရသွားမလဲ ။ အနည်းဆုံးတော့ မိန်းကလေးတစ်ယောက်ကို မင်း ကောင်းကောင်းမွန်မွန် ပြောသင့်တယ် ယံယံ ။ ​နောက်​တစ်​ခါ ​သေချာမသိဘဲ တစ်​ဖက်​သတ်​ မစွပ်​စွဲနဲ့ "

ရှိုင်းသည် မိုးသောက်ယံကို ​ပြောပြီးသည်နှင့်
လှည့်ထွက်​လာခဲ့သည်​။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now