part - 24

5.3K 441 14
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၄ )

အိမ်ကထွက်လာပြီးတည်းက အလုပ်ဝင်သည်အထိ ရှိုင်းသည် မည်သည့်အရာကိုမျှ အာရုံမစူးစိုက်နိုင်ပေ ။ သူ ပြောလိုက်သည့် စကားကြောင့် မျက်နှာလေး ညှိုးငယ်ပြီး မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝေ့သွားသော မိုးသောက်ယံ၏ ပုံရိပ်လေးက သူ့အာရုံထဲမှာ ကပ်ညှိပါလာကာ ထပ်ခါထပ်ခါ မြင်ယောင်နေသည် ။

သူ မှားသွားပြီလား ။ ဟင့်အင်း ။ ဒါက အမှန်တရားပဲလေ ။

"ရှိုင်း ၊ ဧည့်သည် ရောက်နေတယ် "

ဧည့်ကြိုကောင်တာမှ စန္ဒာက လာပြောတော့ ရှိုင်း မျက်မှောင်ကြုတ်သွားသည် ။ အလုပ်ချိန်ကြီး သူ့ကို ဘယ်သူက လာတွေ့တာပါလိမ့် ဟု စဉ်းစားရင်း ထွက်ခဲ့သည် ။

"မဒီ "

ဧည့်သည်အခန်း၌ ခြေချိတ်၍ ထိုင်နေသူက မဒီ ။ အရင်ကလို သိမ်မွေ့သော အပြုံးနှင့် ရိုးသားသော ဟန်ပန်လေးက မဒီ့ဆီမှာ ပျောက်ဆုံးနေသလိုပင် ။ မထီတထီ အပြုံး နှင့် တဇွတ်ထိုး အမူအကျင့်ဟန်ပန်တွေက ဘယ်ကနေ ရောက်ရှိလာသည်မသိ ။ မဒီက သူ သိခါစနှင့် သိသိသာသာကို ခြားနားနေလေသည် ။ 

မဒီဆီသို့ လျှောက်သွားရင်း သူ မေးလိုက်သည် ။

"ဘာကိစ္စလဲ မဒီ "

"ရှိုင်းကို ပြောစရာရှိလို့ "

"အရေးကြီးလို့လား ။ ခုက အလုပ်ချိန်ကြီးလေ "

"မဒီ့အတွက်ကတော့ အရေးကြီးတယ် ။ ဒါပေမယ့် ရှိုင်းအတွက်တော့ မသိဘူး ။ မဒီ နဲ့ နေ့လယ်စာ သွားစားရအောင် ။ စားရင်း ပြောကြမယ်လေ "

ရှိုင်း အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်သွားရပြန်သည် ။ သူ့ဘက်က ပြီးပြတ်ပါပြီ ဆိုသော ဇာတ်လမ်းကို  မဒီ့ဘက်က ဆက်ချင်နေသေးပုံ ရသည် ။

"နာရီဝက်တောင် လိုသေးတယ် ။ နောက်မှ စကားပြောရအောင် "

"စိတ်မပူနဲ့ ရှိုင်း ။ မဒီ့ ဖေဖေ့ကို သွားပြောပြီးပြီ ။ လာပါ သွားရအောင် "

မဒီက ထရပ်ပြီး ရှိုင်း၏လက်ကို တွဲကာ ခေါ်သွားသည် ။ ရှိုင်း သက်ပြင်းရှိုက်၍ မျက်နှာမသာမယာနှင့် ပါသွားတော့သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now