Chapter_102

6.1K 667 26
                                    

{Zawgyi}

(မကြိုဆိုထားသော ဧည့်သည်များ-1)

ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် ပင်ပန်းလွယ်တတ်ကြသည်မှာ ပုံမှန်ပင်ဖြစ်၏။ ရီကျန်းသည်လည်း ထိုသို့ပင်။ စကားအနည်းငယ်သာ ပြောပြီးနောက်မှာ ပင်ပန်းလာပြီး အိပ်ချင်လာပြန်၏။

လုပေရွှမ်းသည် ရီကျန်း၏ဆံနွယ်လေးတို့ကို ပွတ်သပ်ပေးရင်း " ကိုယ်ရေသွားချိုးလိုက်အုံးမယ် မင်းအိပ်နှင့်လိုက်တော့နော် "

ထိုအခါရီကျန်းသည် အသာအယာ ခေါင်းညိမ့်ပြလေသည်။ ထို့နောက်ရေချိုးခန်းထဲမှ ရေကသံ သဲ့သဲ့ကို နားဆင်ရင် သူမရဲ့မျက်ခွံတို့လေးလံလာကာ အိပ်စက်ခြင်း နယ်မြေထဲ ဝတ်ဆင်းသွားချေ၏။

ရေချိုးခန်းထဲတွင် လုပေရွှမ်း၏ခန္ဓာကိုယ်၌ အဝတ်အစား တစ်ခုဆိုတစ်ခုမှ ရှိမနေတော့ပေ။ သူသည် နံရံကို လက်တစ်ဖက်ထောက်ထားရင်း မတ်တပ်ရပ်နေကာ ရေပန်းမှ ရေအေးတို့ကို သူ၏ပြီးပြည့်စုံလှသော ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းလေစေ၏။ သူ့ခန္ဓာကိုယ်ထဲမှ တဏှာ ရမ္မက်တို့သည် ၄င်းတို့အား လွတ်မြောက်ခွင့်ပေးရန်  အသည်းအသန် တောင်းဆိုလို့နေပေသည်။ ဒီတောင့်တမှုကိုသာ မဖြည့်ဆည်းလိုက်နိုင်ရင်​ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားတော့မလိုပင် ပူပြင်းလို့လာလေ၏။ လုပေရွှမ်းသည် မျက်စုံတို့ကို ပိတ်ထားရင်း အသက်ပြင်းပြင်းရှုနေရချေသည်။ ဒါဟာ ယောကျာ်းတစ်ယောက်ရဲ့ဗီဇဖြစ်တဲ့ တဏှာအာသီသတောင့်တမှုပင်။

ယောကျာ်းအားလုံးနီးပါးသည် ထိုကဲ့သို့တောင့်တမှုမျိုးရှိစမြဲပင်။ လွန်ခဲ့သော၂လက ရီကျန်းကိုယ်ဝန်စရှိကတည်းက လုပေရွှမ်းသည် ရီကျန်းကို ထိပင်မထိခဲ့ချေ ။ လုပေရွှမ်းကဲ့သို့ ငယ်ရွယ် သန်မာတုန်းလူငယ်တစ်ယောက်အတွက် ဒီလိုတောင့်တမှုမျိုးကို ထိန်းချုပ်ရသည်မှာ ပြင်းထန်လွန်းတဲ့နှိပ်စက်မှုမျိုးပင်ဖြစ်၏။

လုပေရွှမ်းသည် သူ့ကိုယ်သူထိန်းချုပ်နိုင်သည့်နေရာမှာ ပြိုင်ဘက်ကင်းပေသည်။ မည်သို့သောဖြားယောင်းဆွဲဆောင်မှုမျိုးကမှ သူ့အား မယိမ်းယိုင်စေပေ။ သို့သော် လွန်ခဲ့သော၂လက သူနှင့်ရီကျန်း ညတိုင်းတစ်ကုတင်ထဲမှာ တူတူအိပ်ရတဲ့အချိန်တွင် သူတို့၂ဦးသည် မတော်တဆဖြင့် တစ်ဦးနှင့် တစ်ဦး အသားချင်းထိမိသည့်အခါတိုင်း လုပေရွှမ်းသည် သူ့ကိုယ်သူ မနည်းပြန်လည်ထိန်းချုပ်နေရချေ၏။ ဒီတောင့်တမှုကို ထိန်းချုပ်ရသည့်မှာ သူ့အတွက် တစ်ဖြေးဖြေးခက်ခဲလို့ လာချေ သည်။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now