Chapter 180 +181

2.8K 585 22
                                    

Zawgyi
Chapter 180
{ ဥက္ကဋ္ဌလု... ရှင်တကယ်မရှက်မရှိတာပဲ - ၁ }

ရှီဝမ်ကျင်းဟာ သူမရဲ့အသံကို တိုးလိုက်ပြီး "  ဝေ့ရင်း... ငါ့ကို အမှန်တိုင်းပြော... နင်ဒီနေ့ ဒီကိုလာတာက လုပေရွှမ်းကို တွေ့ဖို့အတွက်ပဲမလား "

ရှန်ဝေ့ရင်းရဲ့နှုတ်ခမ်းထောင့်ဟာ အပေါ်ဘက်သို့ အနည်းငယ်ကွေးညွှန့်သွားခဲ့သော်လည်း ဘာမျှဆက်မပြောသေးချေ...

သူမသည် လုပေရွှမ်းကို တွေ့ရုံအတွက်ပဲ လာခဲ့ခြင်း မဟုတ်ပေ... သူမဟာ လုကော်ပိုရေးရှင်း၏အပြင်တွင် ပါပါရာဇီများ(သတင်းမုဆိုးများ)ကို စီစဉ်ထားခဲ့ပြီးသားဖြစ်ပေတယ်... ဒီနေ့တွင် သူမက လုပေရွှမ်းနှင့် တွေ့ရသည်ဖြစ်စေ၊ မတွေ့ရသည်ဖြစ်စေ... မနက်ဖြန်ဆိုလျှင် သူမနှင့်လုကော်ပိုရေးရှင်းတို့ စာချုပ်သက်တမ်းတိုးလိုက်ပြီဟူသောသတင်းဟာ ပြန့်နှံ့သွားမည်ပင်...

သူမသည် ထိုစာချုပ်ကိစ္စကို စိတ်မဝင်စားချေ... သူမ တကယ်စိတ်ဝင်စားသည်က လုပေရွှမ်းပင်ဖြစ်သည်...

ရှီဝမ်ကျင်းဟာ ရှန်ဝေ့ရင်း၏အေးဂျင့်အဖြစ် နှစ်ပေါင်းများစွာ လုပ်နေသူဖြစ်တာကြောင့် ရှန်ဝေ့ရင်းတစ်ယောက် ဘာတွေစဉ်းစားနေသည်ကို မသိဘဲနေမည်မဟုတ်ပေ... ရှန်ဝေ့ရင်းဟာ သူမရဲ့အမေးကို ပြန်မဖြေဘဲ တိတ်ဆိတ်နေခြင်းဟာ မှန်ကြောင်းပြောနေသည်နှင့် မခြားချေ...

ရှီဝမ်ကျင်းဟာ ရှန်ဝေ့ရင်းရဲ့အေးဂျင့်ဖြစ်သော်လည်း ရိုက်ရမည့်ဇာတ်လမ်းနှင့် ကြော်ငြာများကို ရှန်ဝေ့ရင်းသာ ဆုံးဖြတ်ခြင်းဖြစ်လေတယ်... ရှန်ဝေ့ရင်းသည် ပျော့ညံ့သူမဟုတ်ဘဲ သူမရဲ့ဉီးတည်ချက်ပန်းတိုင်ကို သေချာနားလည်သဘောပေါက်သူပင်...

အစည်းအဝေးခန်းတံခါးပွင့်သွားခဲ့ပြီး ဒါရိုက်တာကျိုးဟာ စိုးရိမ်ပူပန်နေသောအကြည့်တို့ဖြင့် ရှန်ဝေ့ရင်းကို ကြည့်လာခဲ့လေ၏...

" ဒါရိုက်တာကျိုး... မတွေ့တာကြာပြီနော်... " ရှန်ဝေ့ရင်းသည် ဒါရိုက်တာကျိုးရဲ့မျက်နှာအမူအရာကို သတိထားမိသော်ငြား ပြုံးလျင်ဖြင့်သာ လက်ဆွဲနှုတ်ဆက်လိုက်ချေတယ်...

ဒါရိုက်တာကျိုးဟာ ရှန်ဝေ့ရင်းကို ပြန်၍ လက်ဆွဲနှုတ်ဆက်ပြီးနောက်တွင် သူမရဲ့မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်ကာ စာချုပ်တစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် " မစ္စရှန်... ကျွန်တော် တကယ်စိတ်မကောင်းပါဘူး... ဥက္ကဋ္ဌလုက မစ္စရှန်နဲ့ ချုပ်ထားတဲ့စာချုပ်ကို ဖျက်သိမ်းဖို့ ကျွန်တော့်ကို အကြောင်းကြားလာပါတယ်... အဲ့ကိစ္စပြောဖို့အတွက် ကျွန်တော်က မစ္စရှန်ကို လာတွေ့တာပါ... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now