Chaptee 131

3.1K 629 5
                                    

Zawgyi
{ မိသားစု အမွေအနှစ် - ၂ }

" ရှင်က ဘာလို့ ချောင်းခဏခဏဟန့်နေတာလဲ... ကျွန်မ ပြောတာ ဘယ်မှာမှားလို့တုန်း... အဲ့ခွေးကောင် လင်းကျန်ကသာ ချင်းချင်းကို မြူဆွယ်ပြီး ခိုးမပြေးသွားရင် ချင်းချင်းက အခုလိုမျိုး ဖျော်ဖြေရေးလောကထဲမှာ တစယောက်တည်း ရုန်းကန်နေရမှာ မဟုတ်ဘူး " အမေရီက မျက်မှောင်ကျုံ၍ ဆိုလိုက်လေ၏။

အမေရီဟာ လူတိုင်းကို အပြစ်တင်နေခဲ့၏။ ထို့နောက်တွင်မှာ " ကျန်းကျန်း၊ အမေက အခုလို စိတ်ပျက်စရာအမှန်တရားတွေ ပြောနေလို့ စိတ်မဆိုးလိုက်ပါနဲ့ကွယ်... အစတုန်းကတည်းက လုတွေက ရီချင်းကိုပဲ လိုချင်ခဲ့ကြတာမလား... ဒါပေမယ့် သမီးက ကံကောင်းပြီး လုတွေဆီ ရောက်သွားခဲ့ရတယ်... သမီးအခုလို ကောင်းကောင်းနေနေရတာ ချင်းချင်းကြောင့်ဆိုတာ မမေ့ပါနဲ့...ညီအစ်မတွေဆိုတာ တစ်ယောက်ကို တစ်ယောက်ဖေးမ ရမယ်လေ... သမီးက ပေရွှမ်းကို နည်းနည်းလောက်ဖျောင်းဖျပေးရုံပဲကို ဘာလို့ ခက်ခဲနေရတာလဲ "

ထိုအခါ ရီချင်းက ပြုံးလိုက်ပြီး " ရီချင်းက စာချုပ်ချုပ်ဖို့လောက်ထိ ထူးချွန်နေရင် သူမရဲ့အေဂျင်စီက လုကော်ပိုရေးရှင်းဆီကို ဘာလို့ တိုက်ရိုက်သွား မပြောရတာလဲ... တကယ်လို့ ရီချင်းကို လူတိုင်းက သဘောကျကြတယ်ဆိုရင် လုကော်ပိုရေးရှင်းက အလုပ်သမားတွေက သတိထားမိကြမှာပါ... ရီချင်းကသာ သူ့ကိုယ်သူ ယုံကြည်မှုရှိပြီး ရိုးသားကြိုးစားတဲ့သူဆိုရင် လုကော်ပိုရေးရှင်းနဲ့ စာချုပ်ချုပ်ဖို့အတွက် အနောက်တံခါးကို သုံးစရာမလိုဘူးလေ... သူမရဲ့ကိုယ်ပိုင်အရည်အချင်းကြောင့် စာချုပ်ချုပ်ခွင့်ရခဲ့ရင် သူမ နောက်ကွယ်မှာ အတင်းအဖျင်းပြောကြမှာကိုလည်း ကြောက်နေစရာ မလိုဘူးပေါ့... ဟုတ်တယ်မလား "

" နင်!!! " အမေရီက ပြန်ပြောတော့မည့်ချိန်တွင် အဖေရီက တားလိုက်ပြီး " ဟုတ်တာပေါ့... သမီးပြောတာ မှန်တယ်... သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ အနောက်တံခါးကနေ စာချုပ်ချုပ်ခဲ့ရင် အတင်းအဖျင်းသတင်းတွေ ထကြွလာမှာ... မင်းသိတဲ့အတိုင်း ဖျော်ဖြေရေးလောကက အတင်းအဖျင်းက ခပ်များများရယ်... တကယ်လို့ ရီချင်းက ရီကျန်းရဲ့အကူအညီနဲ့ အနောက်တံခါးသုံးပြီး ဝင်ခဲ့တယ်ဆိုတာ လူတွေသိကုန်ရင် မင်းရဲ့သမီးကြီးကို လူအားလုံးက အရည်အချင်းမရှိတဲ့သူလို့ ထင်ကုန်ကြမှာ... ချင်းချင်းလိုမိန်းကလေးက အဲ့လိုအတင်းအဖျင်းတွေကို တောင့်ခံနိုင်မယ်လို့ထင်လား "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now