Chapter 130

3.2K 620 9
                                    

Zawgyi
{ မိသားစု အမွေအနှစ် - ၁ }

ရီကျန်းက အမေရီပြောခဲ့သည့်စကားတို့ကို အရူးဖြစ်ခံပြီး ယုံကြည်မည်မဟုတ်။

အမေရီရဲ့သူ့သမီးကြီးအပေါ် ဘက်လိုက်မှုဟာ ကုလို့မရတော့သည့် အရိုးစွဲရောဂါတစ်ခုလိုပင်။ ဒါ့ကြောင့်လည်း သမီးငယ်ဖြစ်တဲ့ရီကျန်းဟာ သူမရဲ့ဘဝတစ်လျှောက်လုံး မမျှတစွာနေထိုင်ခဲ့ရသည်လေ။ အမေရီဟာ သူမ ပါးစပ်မှာ ဘယ်လိုနောင်တရကြောင်း၊ နောက်ပိုင်းဘယ်လိုဂရုစိုက်ပေးမည်ဖြစ်ကြောင်းပြောနေပါစေ သူမရဲ့နှလုံးသားထဲတွင် သမီးကြီးဖြစ်တဲ့ရီချင်းသာ ရှိနေဆဲပင်။

ရီကျန်းက ထပ်မံတိတ်ဆိတ်သွားတဲ့အခါ အဖေရီက စကားဖြတ်ပြောရန် ဆုံးဖြတ်လိုက်လေသည်။ သူ့မိန်းမ အမေရီဟာ ရီချင်းရဲ့ဘဝ ဘယ်လိုကျပ်တည်းနေကြောင်းကို အက်ကြောင်းထပ်အောင်ပြောနေတာကြောင့်လည်းပါ၏။ အဖေရီသည် သူ့မိန်းမရဲ့အင်္ကျီလက်ကို ဆွဲလိုက်ရင်း ချောင်းဟန့်လိုက်ချေတယ်။

ထိုမှသာ အမေရီဟာ သတိကပ်သွားခဲ့ပြီး သူမ အလွန်အကျွံပြောနေမိသည်ကို သဘောပေါက်သွားခဲ့သည်။

" ကျန်းကျန်း၊ သမီးအမေပြောတာတွေကို စိတ်ထဲမထားနဲ့... သမီးအမေက အမြဲအဲ့လိုပဲ... ချင်းချင်းပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် တစ်ခုခုဒုက္ခရောက်ရင် သမီးအမေက အခုလို ပြာပြာသလဲဖြစ်မှာပါပဲ... တကယ်လို့ ချင်းချင်းနဲ့စာချုပ်ချုပ်ဖို့ကိစ္စက ခက်ခဲရင် စိတ်ထဲမထားပါနဲ့...ရီချင်းက သူ့ဘာသာဆုံးဖြတ်ပြီး ရွေးချယ်ထားတဲ့အလုပ်... အဲ့ဒါကြောင့် နောက်ပိုင်းကိစ္စတွေကို သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမှာပဲ... သူ့ဒုက္ခတွေကို ဘယ်သူကမှ ဝေမျှမခံစားပေးနိုင်ဘူး "

အမေရီသည် အဖေရီပြောသည့်စကားတို့ကိုကြားတဲ့အခါ စိတ်ပျက်စွာဖြင့် "ရှင့်ရဲ့နောက်ဆုံးစကားက ဘာကို ဆိုလိုတာလဲ... ကျန်းကျန်းက အခုမစ္စလုဖြစ်ပြီး အရာရာပြည့်စုံနေပြီ... ကျွန်မက သူ့ကို ဂရုစိုက်ပေးစရာ၊ စိတ်ပူပေးစရာ မလိုဘူး... ချင်းချင်းက ရီကျန်းလိုမှ မဟုတ်တာ... ရီချင်းက ရှင့်သမီး မဟုတ်ဘူးလား!! ရှင့်သူ့ကို နည်းနည်းလေးတောင် စိတ်မပူဘူးလား!! အခုဆို ချင်းချင်းက ဖျော်ဖြေရေးလောကမှာ ဘယ်လောက်တောင် ကျပ်တည်းနေလိုက်လဲ!! "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now