Chapter 134

3.4K 735 14
                                    

Zawgyi
Chapter 134
( အပြစ်ကင်းသူ - ၂ )

လုပေရွှမ်းသည် ရီကျန်းရဲ့အခန်းထဲမှ ထွက်ခဲ့ပြီးနောက် ဧည့်စောင့်ခန်းထဲသို့ ဝင်သွားခဲ့ပြီး ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်၏။

" မင်း လုပ်စရာအလုပ်နှစ်ခုရှိတယ်... ပထမတစ်ခုက ဆေးရုံကောင်တာမှာ ရီကျန်းအတွက်ပါဆယ်ထုပ်လာထားသွားတဲ့သူကို မြင်လိုက်တဲ့သူနာပြုရှိလာ စစ်ဆေး၊ ဒုတိယတစ်ခုက လင်းကျန် အခုဘယ်မှာ ဘာလုပ်နေတယ် ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိနေလဲ စုံစမ်းခဲ့ သေးသေးမွှားမွှားလေးကအစ စုံစမ်းလာခဲ့!! "

ထို့သို့ပြောပြီးနောက်တွင် ဖုန်းချလိုက်လေတယ်... လုပေရွှမ်းသည် လေယာဉ်ကွင်းမှာ လင်းကျန်ကို လွှတ်ပေးလိုက်မိတာ မှားသွားပြီလားဟု တွေးနေလေသည်...

လွန်ခဲ့သောနှစ်က ဘာကြောင့်များ လင်းကျန်ကို လွှတ်ပေးလိုက်မိပါလိမ့်ဟုလည်း စဉ်းစားလို့နေသည်...

လုပေရွှမ်းသည် သူနဲ့လင်းကျန်တို့နှစ်ဉီးဟာ စိတ်ဓါတ်ချင်းတူသည်ကို သိနေ၏။ ဖမ်းဆုပ်လို့ရမည့်ကောက်ရိုးမျှင်လောက်အခွင့်အရေးကိုတောင် လက်မလွှတ်ဘဲ အစွမ်းကုန်ကြိုးစားသည် စိတ်ဓါတ်ပေါ့...

ထိုသို့သောစိတ်ဓါတ်ရှိသူတို့ဟာ ကြောက်ဖို့ကောင်းလှ၏။ လုပေရွှမ်းကသာ သတိတစ်ချက်လွှတ်သွားမိပါက လင်းကျန်ဟာ သူ့ပြိုင်ဘက်ချက်ချင်း ဖြစ်လာနိုင်သူပင်...

ထိုနေ့တုန်းက လင်းကျန်းကို လွှတ်ပေးလိုက်တာ အမှားဖြစ်သွားခဲ့သည်လား???

လုပေရွှမ်းဟာ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့စိတ်ကို တက်နိုင်သလောက်ရှင်းထားလိုက်၏။ သူ့တွင် လင်းကျန်ကို အမှုန့်အမွှားပါမကျန် ရှင်းလိုက်နိုင်သည့် နည်းလမ်းများစွာရှိသည်... အခုတွင် လင်းကျန် အင်အားနည်းသေးတာကြောင့် သူ့(လုပေရွှမ်း)လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ လင်းကျန်သည် ဒီကမ္ဘာပေါ်မှ ချက်ချင်းပျောက်ကွယ်သွားနိုင်ပေ၏။

ယခုတွင် လုပေရွှမ်းဟာ လုမိသားစုကို စီမံအုပ်ချုပ်နိုင်ခဲ့ပြီ... လွယ်ကူခဲ့သည်တော့ မဟုတ်ပေ... ဒါ့ပြင် သူဟာ ရီကျန်းကို ရရန်လည်း မနည်းကြိုးစားခဲ့ရလေတယ်... အရာရာတိုင်းဟာ သူလွယ်လွယ်ကူကူရခဲ့တာမဟုတ်တဲ့အတွက် လင်းကျန်က အခွင့်ကောင်းယူကာ ဖြတ်လုသွားမည့်ကိစ္စမျိုး အဖြစ်မခံနိုင်ချေ... သူသာ အားလုံးကို သေချာစီမံပြီး သတိမလွှတ်ပါက လင်းကျန်သည်လည်း အခွင်းအရေးရနိုင်မည် မဟုတ်သလို ကံကောင်းပါက လင်းကျန်းကိုပင် ရှင်ထုတ်လိုက်နိုင်လိမ့်မည် ဖြစ်သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now