Chapter 178 +179

2.9K 525 1
                                    

Zawgyi
Chapter 178
{ လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး ရှန်ဝေ့ရင်းရဲ့အပြုအမူတွေကို နားလည်ဖို့ ခက်ခဲလာတယ် - ၂ }

" ရှန်ဝေ့ရင်းနဲ့ချုပ်ထားတဲ့စာချုပ်က နောက်လမြှပည့်မှာ... သူ့နေရာမှာ အစားထိုးဖို့လူကို ရှာဖို့အတွက် တစ်လလောက်အချိန်ပေးထားတာတောင် မင်းက ရှာမတွေ့နိုင်လောက်ဘူးလို့ ဆိုလိုချင်တာလား!!!? "

နောက်ဆုံးတွင်တော့ ဒါရိုက်တာကျိုးသည် သူ့Bossပြောချင်သည့်အဓိပ္ပါယ်ကို သဘောပေါက်သွားတော့၏... ထိုအမျိုးသားဟာ မကြာသေးခင်မိနစ်ပိုင်းလောက်က သူပြောခဲ့သောစကားတို့ကို နောင်တကြီးစွာ ရမိသွားတော့လေသည်...

လုပ်ငန်းခွင်တစ်ခုတွင် မလုပ်တတ်ဘူးဆိုသောအရာ ရှိနေ၍ မဖြစ်ချေ... သင်မလုပ်နိုင်သောအရာတစ်ခုကို လုပ်နိုင်သောသူ၊ လုပ်တတ်သောသူရှိနေပါလျှင် ထိုလူကို သင့်ရဲ့လက်ရှိရာထူးအား လွှဲပေးရမည်ဖြစ်ပေတယ်...

လုပေရွှမ်းရဲ့ဆိုလိုရင်းက ရှင်းပေ၏... တကယ့်လို့ သူ(ဒါရိုက်တာကျိုး)ကသာ ရှန်ဝေ့ရင်းရဲ့နေရာတွင် အစားထိုးနိုင်မည့်သူကို ရှာမတွေ့နိုင်ဘူးဟု ထင်ပါက သူဟာ PRဌာနရဲ့ဒါရိုက်တာရာထူးတွင် ရှိနတော့မည် မဟုတ်ချေ...

ဒါရိုက်တာကျိုးသည် ချွေးအေးများစွာ စိုရွှဲနေရင်းဖြင့် " ကျွန်တော်...ကျွန်တော် အကောင်းဆုံး ကြိုးစားပြီးရှာလိုက်ပါ့မယ် "

ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်နေရင်း လုပေရွှမ်းနှင့် ဒါရိုက်တာကျိုးတို့ ပြောနေသည့်စကားတို့ကို နားထောင်နေခဲ့သောရီကျန်းသည် ဒါရိုက်တာကျိုးရဲ့ကြောက်ကြောက်လန့်လန့်ပြန်ဖြေပုံကို နားထောင်ကြည့်ရင်း မသိမသာကြိတ်ရယ်မောလိုက်မိလေတယ်...

ဒါရိုက်တာကျိုးဟာ သူ့ရဲ့Bossပေးသည့်အမိန့်ကို မနာခံတဲ့အပြင် ဖြေရှင်းချက်ပြန်တောင်းပြီး သူ့ဘာသာသူ ဆုံးဖြတ်ချက်ချနေခဲ့သည်လေ... ထိုအမျိုးသားဟာ ရူးချင်ရူး မရူးရင် လောဘကြီးလွန်းသူတစ်ယောက်ဖြစ်နိုင်၏... သို့သော် ဒါရိုက်တာရာထူးတွင် ရှိနေတာကြောင့် ရူးနေသူတော့ မဖြစ်နိုင်၊ လောဘကြီးလွန်းသူသာဖြစ်နိုင်ပေသည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now