Chapter 166 to 169

2.9K 559 9
                                    

Zawgyi
Chapter 166
{ ရှန်ဝေ့ရင်းနဲ့ပတ်သက်ပြီး စိတ်မပူဘူးလား - ၂ }

ရီကျန်းသည် ရီချင်းနဲ့ မတွေ့ရသည်မည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်... ရီချင်းနဲ့ နောက်ဆုံးအဆက်အသွယ်လုပ်ခဲ့သည်က လွန်ခဲ့သောတစ်လက ကျိုးကျိုးလေးကို မွေးပြီးနောက်တစ်နေ့ကပင်... ထိုနေ့က ရီချင်းသည် ဆုတောင်းစာတိုလေးတစ်ခုပို့ပေးခဲ့ပြီးနောက်ပိုင်း သူမကို ဆက်သွယ်လာခြင်းမရှိတော့ချေ...

" သူက ဘာလို့ လာတယ်လို့ ပြောလဲ "

" ကျွန်မလည်း မသိပါဘူး မမလေး... ဘာလို့လာတယ်ဆိုတာကို သူက မပြောပါဘူး... အထဲကို ခေါ်လာရမလားဟင်... "

လုဗီလာမှအိမ်ဖော်များသည် ရီမိသားစုနဲ့ပတ်သက်ပြီး သတိထားတတ်ကြသည်... လုပေရွှမ်းနှင့် အမေလုတို့ကိုယ်တိုင်ကလည်း ရီတို့ လုဗီလာကို လာတဲ့အခါ အရင်သတင်းပို့ရန် ပြောထားခြင်းကြောင့်လည်း ပို၍သတိထားတတ်ကြ၏...

ရီကျန်း ကိုယ်ဝန်ဆောင်စဉ်ကာလကလည်း ရီတို့ဟာ ရီကျန်းဆီသို့ အဆက်အသွယ်သိပ်မလုပ်ကြတာကြောင့် လုဗီလာမှအိမ်ဖော်တို့ဟာ ရီတို့သည် မိသားစုဝင်ကောင်း မဟုတ်မှန်း ခန့်မှန်းမိပြီးသားပင်...

ရီကျန်းသည် အိမ်ဖော်လေးရဲ့အမေးကို ပြန်မဖြေသေးဘဲ စက္ကန့်ပိုင်းမျှစဉ်းစားလိုက်၏... ရီကျန်းကဲ့သို့ သူကသာအတော်ဆုံးဆိုသည့်စိတ်ထားရှိသူမျိုးဟာ သူမဆီသို့ ကောင်းသောလာခြင်းမျိုးဖြင့် ရောက်လာခြင်းတော့ မဖြစ်နိုင်ချေ... ကိစ္စကြီးကြီးမားမားတစ်ခုခုရှိတာကြောင့် ရောက်လာခြင်းသာဖြစ်နိုင်ပေသည်...

" ခေါ်လာလိုက်ပါ "

" ဟုတ်ကဲ့ မမလေး... "

ရီကျန်းသည် ကျိုးကျိုးလေးကို အဒေါ်ယွဲ့ဆီသို့ ပေးလိုက်ရင်း " သားကို အခန်းထဲပြန်ခေါ်သွားလိုက်ပါ "

ထို့နောက်တွင် သူမသည် ဧည့်ခန်းဆီသို့ ထွက်လာခဲ့ကာ ရီချင်းကို စောင့်နေခဲ့၏... မကြာခင်တွင်ပဲ ရီချင်းရောက်လာခဲ့လေတယ်...

ယခုတွင် အရာအားလုံးဟာ ပြောင်းလဲသွားခဲ့လေပြီ... လွန်ခဲ့သောနှစ်တည်းက ဖျော်ဖြေရေးလောကရဲ့ထိပ်ပိုင်းကို ရောက်ရန် ခြစ်ကုတ်ကာ အချိန်များစွာပေးဆပ်ခဲ့သောရီချင်းသည် ဖျော်ဖြေရေးလောကရဲ့အငွေ့အသက်တို့ စွဲကပ်နေပြီဖြစ်သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now