Chapter 184 +185

2.7K 478 7
                                    

Zawgyi
Chapter 184
{ ရီကျန်းက ဘာတွေများကောင်းနေလို့လဲ - ၂ }

ရှီဝမ်ကျင်းသည် ရှန်ဝေ့ရင်း၏စကားတို့ကြောင့် ဆွံ့အသွားခဲ့ရလေတယ်...

လူတစ်ယောက်ကို ချစ်မိသွားစေနိုင်တဲ့အကြောင်းအရင်းမျိုးစုံရှိတတ်စမြဲပင်... သို့သော်ထိုအကြောင်းအရင်းတို့ကို ချစ်မိသွားသောသူကလွဲပြီး တခြားသူ မသိနိုင်ချေ... ဒါ့ပြင် လူတစ်ယောက်ကို ချစ်မိရန်အတွက် အောင်မြင်ခြင်း မအောင်မြင်ခြင်း ကောင်းခြင်း ဆိုးခြင်းတို့ မလိုအပ်သည်လေ...

" ဝမ်ကျင်း... ကျွန်မ...ကျွန်မတကယ်နောင်တရတယ်ဟာ... " ရှန်ဝေ့ရင်းသည် နာကျင်စွာ ငိုကြွေးနေရင်း ထိုသို့ပြောလာခဲ့ပြန်၏... သူမရဲ့အသံတွင်လည်း ဝမ်းနည်းမှုတို့ ပြည့်နှက်လို့နေပေသည်... သူမသည် ကားနောက်ခန်းမှထိုင်ခုံကို မှီထားရင်း သူမမျက်နှာကို လက်ဖြင့်အုပ်ထားကာ ငိုကြွေးလို့နေလေတယ်... သူမရဲ့မျက်ရည်များဟာ မျက်နှာကို အုပ်ထားသောသူမရဲ့လက်ချောင်းများကြားမှ စီးကျလို့နေ၏... " ကျွန်မ ခေါင်းမာပြီး အဝေးကို ထွက်သွားမိတာကို နောင်တရတယ်... ကျွန်မလေ... ဘာလို့များ မာနကို ရှေ့တန်းတင်မိခဲ့လဲဆိုတာ နားမလည်တော့ဘူး... လုပေရွှမ်းဘက်က ဖွင့်ပြောမယ့်နေ့ကို နှစ်၂၀နီးပါးလောက်စောင့်နေခဲ့မိတယ်... တကယ်လို့ ကျွန်မဘက်ကသာ စပြီးဖွင့်ပြောခဲ့မိရင် အရာအားလုံးက အခုလိုဖြစ်လာမှာမဟုတ်ဘူး... မစ္စလုဆိုတဲ့နေရာက ကျွန်မအတွက်ပဲဖြစ်လာမှာ... ရီကျန်းဆိုတဲ့မိန်းမအတွက် နေရာရှိလာမှာတောင် မဟုတ်ဘူး... "

" ဝေ့ရင်း... အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့ဟာ... လုပေရွှမ်းဆိုတာ နင့်အတွက်အတိတ်ပဲ... အဲ့ဒါကို ပြန်ပြင်ဆင်လို့မရနိုင်တော့ဘူး... အနာဂါတ်ကိုပဲ ကြည့်ကြရအောင်နော်... "

" အနာဂါတ်ကို ကြည့်ရမယ်??? " ရှန်ဝေ့ရင်းဟာ သူမရဲ့ခေါင်းကို အကြိမ်ကြိမ်ခါလိုက်ကာ " ကျွန်မ လက်မခံနိုင်ဘူး... လုပေရွှမ်းက ကျွန်မအတွက်ပဲ... ပြန်ပြင်ဆင်ဖို့ အခွင့်အရေးဆိုတာ ရှိသေးတယ်... "

ရှန်ဝေ့ရင်းရဲ့စကားတို့ကြောင့် ရှီဝမ်ကျင်သည် အနည်းငယ် လန့်သွားခဲ့ရပြီး " ဝေ့ရင်း... အခု နင့်အတွေးတွေနဲ့ နင့်အပြုအမူတွေက ဘယ်လိုပုံစံမျိုး သက်ရောက်နေပြီဆိုတာ နင်သိရဲ့လား... နင်က အခု သူများ လင်မယားကြားထဲ အတင်းဖြတ်ဝင်နေတဲ့စနိုက်​ကျော်မနဲ့ တူနေပြီသိရဲ့လား... ဒီကိစ္စတွေသာ သတင်းထောက်တွေဆီ ရောက်သွားရင် နင်မှာ တက်လမ်းဆိုတာရှိမှာ မဟုတ်တော့ဘူး... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now