Chapter 111

3.8K 561 50
                                    

(Zawgyi)
{ ပွဲသိမ်းရိုက်ချက် - ၃}

လုပေရွှမ်းနဲ့ရီကျန်းတို့နှစ်ဉီးရဲ့အကြည်စိုက်နေမှုကို ဆက်တိုက်မြင်နေရသောရှန်ဝေ့ရင်းရဲ့မျက်နှာသည် အပြုံးတို့ တဖြည်းဖြည်း ကွာကျလာခဲ့လေတယ်။

ဟိုးအရင်တစ်ချိန်က ရှန်ဝေ့ရင်းသည် လုပေရွှမ်းအား သူမသည် ဖျော်ဖြေရေးလောကထဲ ဝင်တော့မည်ဟု ပြောခဲ့ဖူး၏။ ထိုချိန်က လုပေရွှမ်းသည် ရီကျန်းကို ပြောသလို " ပင်ပန်းမယ် မလုပ်ပါနဲ့လား "ဟု ​မဖျောင်းဖျခဲ့ဘဲ " Omm "တစ်လုံးထဲသာ ပြန်ဖြေခဲ့လေသည်။

ရှန်မိသားစုဟာ သာမန်မိသားစုတစ်စုတော့ မဟုတ်ချေ။ ရှန်ဝေ့ရင်းဟာ ရှန်မိသားစုရဲ့တစ်ဉီးတည်းသောသမီးပီပီ မိဘတွေရဲ့အချစ်အားလုံးကို သိမ်းပိုက်ထားနိုင်သူပင်။ ငယ်စဉ်တည်းက အရွယ်ရောက်သည်အထိ အပူပင်ကင်းသည့်ဘဝကိုသာ ဖြတ်သန်းခဲ့ရသူဆိုလည်း မမှားပေ။ တစ်နည်းဆိုရသော် အလိုလိုက်အကြိုက်ဆောင်ခံထားရသော မင်းသမီးငယ်လေးပေါ့။

အလိုလိုက်အကြိုက်ဆောင်ခံထားရသော မင်းသမီးငယ်လေးဖြစ်တဲ့အလျှောက် မင်းသမီးလေးရဲ့အကျင့်မျိုးရှိပေတယ်။ သူမဟာ တစ်ခုခုကို ကြိုက်နှစ်သက်တဲ့အခါ လိုချင်ပါတယ်၊ ကြိုက်ပါတယ်ဟု လွယ်လွယ်နှင့် ဝန်မခံတတ်ပေ။ သူမ လိုချင်သော တစ်နည်းပြောရသော် သူမ ကြိုက်သောပစ္စည်းလေးကို အရိပ်တကြည့်ကြည့်သာ လုပ်ပြတတ်၏။ သူမရဲ့အကြည့်ကို သတိထားမိသောတစ်စုံတစ်ယောက်ဟာ သူမကို သူမလိုချင်နေသည့်ပစ္စည်းကို ဝယ်ပေးလိမ့်မည်ဆိုတာကို သိနေသောကြောင့်ဖြစ်သည်။

သူမဟာ လုပေရွှမ်းကိုလည်း ထိုသို့တွေးခဲ့၏။

သူမနဲ့ လုပေရွှမ်းတို့ဟာ တက္ကသိုလ်အတန်းဖော်တွေ ဖြစ်တဲ့အပြင် လူတိုင်းကလည်း သူမတို့ကို နတ်ဖက်တဲ့စုံတွဲဟု ပြောတတ်ကြသေးသည်။ သူမကိုယ်တိုင်လည်း သူမတို့နှစ်ဉီး ထပ်ပိုပြီးလိုက်ဖက်တဲ့စုံတွဲ မရှိနိုင်ဘူး ယူဆထားခဲ့ပေတယ်။

လုပေရွှမ်းက သူမကို ကြိုက်နေလိမ့်မည်ဟုလည်း တွေးနေခဲ့သည်။ သူမကိုယ်တိုင်လည်း လုပေရွှမ်းကို ကြိုက်သော်လည်း သူမရဲ့အရိုးစွဲနေခဲ့သောအကျင့်ကြောင့် သူမဘက်မှ စ၍ကြိုက်ပါသည်ဟု ဝန်မခံခဲ့ပေ။ ဒါ့ကြောင့် လုပေရွှမ်းက သူမကို ဖွင့်ပြောလာမည့်နေ့ကိုသာ စောင့်မျှော်နေခဲ့လေတယ်။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now