Chapter 146+147

3.4K 731 15
                                    

Zawgyi
Chapter 146
{ နင့်အတွက် အဆင်ပြေမယ့်အင်္ကျီ မရှိဘူး - ၃ }

ရှန်ဝေ့ရင်းဟာ စိတ်ရှုပ်သွားပုံလည်း မပေါ်သလို အခန်းထဲမှ ထွက်သွားရန်လည်း စိတ်မဝင်စားသလိုပင်... သူမဟာ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် သူမရဲ့ပုံရိပ်ကို အေးဆေးစွာ ကြည့်နေဆဲဖြစ်သည်...
" မစ္စလု... ကျွန်မကို အထင်မလွဲပါနဲ့... လုမိသားစုက မြစ်လေးရဲ့ပထမဆုံး Lunar Birthdayက အရမ်းအရေးကြီးတယ်လို့ ကျွန်မက တွေးမိလို့ပါ... အခုလိုမျိုး ဖြစ်သလို လုပ်ထားတာမျိုး မဖြစ်သင့်ဘူးလေ... ကျွန်မက ကိစ္စမရှိပေမယ့် အပြင်မှာရှိနေတဲ့ဧည့်သည်တွေ အမြင်မှာ လုမိသားစုက သူတို့ရဲ့ပထမဆုံးမြစ်ဉီးလေးကို သိပ်ဂရုမစိုက်ဘူးလို့ ထင်သွားနိုင်သလို၊ လုတွေက သူတို့ရဲ့မြေးချွေးမကို သိပ်သဘောမကျဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်တယ်လေ... "

" လုတွေက ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်... မစ္စရှန်က ကျွန်မအတွက် စိတ်ပူပေးစရာ မလိုပါဘူး... တကယ်လို့ မစ္စရှန်က သူများကို စိတ်ပူဖို့ အချိန်အားနေချိန်မှာ မစ္စရှန်အတွက်ပိုစဉ်းစားသင့်တယ်နော်... ဥပမာ မစ္စကျောင်း,ဝမ်းကွဲရဲ့သားကိုပေါ့... ကျွန်မအထင်တော့ သူနဲ့မစ္စရှန်က အဆင်ပြေလောက်ပါတယ်... "

" ရှင့်အမြင်မှာ ကျွန်မနဲ့ မစ္စကျောင်း,ဝမ်းကွဲရဲ့သားက အဆင်ပြေတယ်ပေါ့လေ?.. "

ရီကျန်းသည် ရှန်ဝေ့ရင်းက ယခုလိုပုံစံမျိုးရှိမည်ကို မထင်ထားချေ... ရှန်ဝေ့ရင်းဟာ လက်ရှိတွင် ခေါင်းတွင် အပေါက်ဖြစ်နေသောသူ(ဉီးနှောက်မရှိသောသူ)လို ပြောဆိုနေမည်ဟု ရီကျန်း မတွေးထားခဲ့မိချေ...

ရှန်တို့ဟာ သြဇာကြီးပြီး အကျင့်စရိုက်ကောင်းသည်ဟု နာမည်ကြီးသည့်တဲ့မိသားစုကြီးတစ်ခုပါပဲ... ဒီလိုသာဆို ရှန်ဝေ့ရင်းသည် အောင်မြင်ကျော်ကြားပြီး စိတ်ထားဖြူစင်တဲ့မိန်းကလေးဖြစ်နေရမည်လေ... ရှန်ဝေ့ရင်းက အခုစိတ်ဖောက်ပြန်သွားသည်လား...

" မစ္စရီကို ကျွန်မ တစ်ခုပြောပြမယ်... မစ္စရီက လုတွေရဲ့အကြောင်းကို ဘယ်လောက်များသိနေလို့လဲ... အဖိုးလုက အိမ်ထောင်၃ကြိမ်ပြုခဲ့တာကိုရော သိလား...   " ရှန်ဝေ့ရင်းဟာ ထိုသို့ပြောပြီး ခဏရပ်ကာ ပြုံးလိုက်ပြီးနောက် " အဖိုးလုရဲ့ပထမအိမ်ထောင်နဲ့ ဒုတိယအိမ်ထောင်က လုပ်ငန်းအရ လက်ထပ်ခဲ့ရတာပဲ...   တတိယအကြိမ်ကလည်း သူ့မိသားစုကောင်းစားရေးအတွက် ပဲ... သူချစ်တဲ့သူကို လက်မထပ်ခဲ့ဘူး... အဖိုးလုက သူချစ်ရတဲ့မိန်းကလေးကို ပစ်ပြီး ကျော်ကြားပြီး သြဇာရှိတဲ့အသိုင်းအဝိုင်းထဲက မိန်းကလေးကို သူ့ရဲ့တတိယဇနီးအဖြစ်လက်ထပ်ခဲ့တာ... ရှင့်ရဲ့ယောက္ခမဖြစ်တဲ့ ဒေါ်လေးလုက လင်းမိသားစုကပဲ... လင်းတွေက သူတို့ မပြိုလဲခင်တုန်းက အရမ်းသြဇာရှီတဲ့အသိုင်းအဝိုင်းကပဲ... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now