Chapter 124

4.1K 758 52
                                    

Zawgyi
{ ရုပ်ဆိုးလေး - ၁ }

ရီကျန်း၏အထင်တွင် မွေးကင်းစ ကလေးလေးတို့ဟာ ပေါက်စီလေးလို ဝဝကစ်ကစ်၊ ဖောင်းဖောင်းမို့မို့လေးဖြစ်ကာ အသားအရည်ဖြူဖြူလေးဟုပင်။ သို့သော် သူမအခုမြင်နေရသည်က မွေးကင်းစ နီရဲရဲလေးရဲ့မျက်နှာနှင့် အရေပြားတွန်းလေးတို့ရှိနေသည့် လူအိုပေါက်စလေးပင်ဖြစ်သည်။

ရီကျန်းသည် လုပေရွှမ်းရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာကို  လှည့်ကြည့်လိုက်ပြီး သူမရဲ့လက်ကောက်ဝတ်မှ အသားအရည်ကို ကြည့်ပြန်တယ်။ သူမရဲ့ပါးမှ အသားအရည်တို့ကိုလည်း လက်နဲ့တို့ကြည့်ပြန်၏။ သူမသည် ယခုသူမရှေ့တွင် ရှိနေသောနီရဲရဲကလေးလေးဟာ သူမ ခက်ခက်ခဲခဲမွေးခဲ့ရသောကလေးလေးဆိုသည်ကို ယုံကြည်ရန် ခက်ခဲလို့နေသည်။ သူမ စိတ်ထဲတွင် မွေးကင်းစ ကလေးလေးအားလုံးဟာ အသားဖြူဖြူ ဝဝကစ်ကစ်နှင့် မျက်လုံးဝိုင်းဝိုင်းတို့ ရှိမည်ဟုပင်။

' ငါဘာလို့ ရုပ်ဆိုးဆိုးလေး မွေးခဲ့တာလဲ '
စိတ်ကူးနှင့်လက်တွေ့တို့ဟာ ကွဲပြားလွန်းတာကြောင့် ရီကျန်းသည် လက်ခံရန် ခက်ခဲနေပေသည်။ ဒါ့ကြောင့် ကလေးကို ကြည့်ပြီး ခေတ္တအကြာမှာတော့ မျက်ရည်တို့ ကျလာခဲ့တော့တယ်။

ရီကျန်းရုတ်တရက်ငိုချလိုက်တာကြောင့် ဆေးရုံခန်းထဲ လူအားလုံးဟာ လန့်သွားခဲ့ကြပြီး " ကျန်းကျန်း၊ တစ်နေရာရာ နာသေးလို့လား "

ထိုချိန်တွင် လုပေရွှမ်းက ချက်ချင်း မတ်တပ်ထရပ်ပြီး " ကိုယ် ဆရာဝန် ခေါ်လာမယ် "

ထိုအခါရီကျန်းက လုပေရွှမ်းကို တားလိုက်လေတယ်။  " ကျွန်မ အဆင်ပြေတယ် "

" အဲ့ဒါဆို ဘာလို့ ငိုတာလဲ "

ရီကျန်းသည် မျက်ရည်တို့ကို ထိန်းထားရင်း " ကျွန်မ... ကျွန်မက ရုပ်ဆိုးလေး မွေးပေးမိလို့ "

ရီကျန်းရဲ့စကားကို ကြားတဲ့အခါ အမေလုက  ရယ်မောလိုက်တယ်။  " အဲ့ဒါကြောင့်လား... အမေက သမီးတစ်ခုခုများ ဖြစ်တာလားဟင်။ သမီးက အခုမှ အမေဖြစ်တာမို့လို့ မသိတာဖြစ်မယ်။ မွေးကင်းစ ကလေးအားလုံးက ဒီလိုလေးတွေပဲ။ တဖြည်းဖြည်း အသက်ကြီးလာမှ ပိုပို ကြည့်ကောင်းလာတာ "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now