Zawgyi
{ ပွဲသိမ်းရိုက်ချက် - ၂ }
ရှန်ဝေ့ရင်းသည် ရီကျန်းဆီသို့ သူမရဲ့လုပ်ငန်းကတ်ပြားလေး လှမ်းပေးလိုက်ရင်း
" မစ္စရီ၊ ကျွန်မတို့ နှစ်ယောက် သူငယ်ချင်းဖွဲ့ရအောင်။ နှစ်ယောက်တူတူ နောက်နေ့ကြတွေ့ကြရင် မကောင်းဘူးလား။ ပေရွှမ်းနဲ့ကျွန်မက ငယ်ငယ်ကတည်းက တူတူကြီးပြင်းခဲ့တဲ့ ငယ်သူငယ်ချင်းတွေဆိုတော့ ကျွန်မက ပေရွှမ်းရဲ့ငယ်ကျိုးငယ်နာတွေကို သိတယ်လေ "လက်ရှိအခြေအနေတွင် ရီကျန်းက ရှန်ဝေ့ရင်းရဲ့ကတ်ပြားကို လက်ခံလိုက်ပါသော် ရှန်ဝေ့ရင်းသည် သူမ(ရီကျန်း)က အားနည်းတဲ့ပြိုင်ဘက်ဟု ယူဆသွားနိုင်၏။
သို့သော်ရီကျန်းသည် ရှန်ဝေ့ရင်းကို ကြည့်ရင်း တောက်ပစွာပြုံးပြကာ လုပ်ငန်းကတ်ပြားကို လှမ်းယူလိုက်ပေတယ်။ ထိုသို့ ယူရင်းဖြင့် " အိမ်ပြန်ရောက်တော့မှပဲ ကျွန်မကိုယ်တိုင် ပေရွှမ်းကို မေးလိုက်ပါ့မယ်။ မစ္စရှန်ရဲ့အဖိုးတန်အချိန်တွေကို မဖြန်းချင်ပါဘူးရှင် "
ရီကျန်းသည် ရှန်ဝေ့ရင်းနဲ့ ထိပ်တိုက်ထပ်တွေ့မည့်ကိစ္စမျိုးကို လုပ်ရန်မသင့်ဘူးဆိုသည်ကို နားလည်ပေတယ်။ ဒီအမျိုးသမီး(ရှန်ဝေ့ရင်း)က သူမ(ရီကျန်း)နားကို ကပ်လာခြင်းသည် ကောင်းသောရည်ရွယ်ချက်တော့ မဟုတ်နိုင်ချေ။
" ကိုယ့်ရဲ့ ဘယ်ငယ်ကျိုးငယ်နာတွေကို သိချင်နေတာလဲ " လုပေရွှမ်းက စကားဖြတ်ပြောလိုက်ပေ၏
" ဟွန်း... ဥပမာပြောရရင် ရည်းစားဘယ်နယောက် ထားခဲ့လဲတို့၊ အတန်းချိန် ဘယ်နခါလောက် လစ်ခဲ့လဲတို့ ဒါမှမဟုတ် ရှင့်ကို မိန်းကလေး ဘယ်နယောက်လောက်က ဖွင့်ပြောခဲ့ဖူးလဲတို့ပေါ့ "
" ကိုယ်တစ်ခါမှ ရည်းစားမထားခဲ့ဖူးဘူး၊ အတန်းချိန်တွေလည်း မလစ်ခဲ့ဖူးဘူး။ ပြီးတော့ ကိုယ့်ကို တစ်ယောက်ယောက်က လာဖွင့်ပြောတာမျိုးလဲ မရှိခဲ့ပါဘူးကွာ " လုပေရွှမ်းဟာ ဆွဲဆောင်မှုရှိစွာ ရယ်မောရင် ပြန်ဖြေ၏။
ထို့နောက်တွင် လုပေရွှမ်းဟာ ရီကျန်းရဲ့အထိမခံတဲ့နေရာဖြစ်တဲ့နားရွက်နားသို့ သူ့ရဲ့နှုတ်ခမ်းအား ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်လေသည်။ " အခု ကျေနပ်ပြီလား " လုပေရွှမ်းသည် ထိုစကားကို ဆွဲဆောင်မှုရှိသောအသံဖြင့် ပြောလိုက်ပေတယ်။ လုပေရွှမ်းဆီမှထွက်လာသောအသံကြောင့် ရီကျန်းဟာ သူမရဲ့နှလုံးသားလေးကို တစ်စုံတစ်ခုက လာကုတ်နေသလို ခံစားလိုက်ရလေသည်။ ခဏအကြာတွင် လုပေရွှမ်းနှင့်ရီကျန်းတို့ဟာ အကြည့်တို့ ဖလှယ်နေကြပြန်တယ်။
YOU ARE READING
ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ(mm translation)
RomanceဒီNovelလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ် အရင်ဘာသာပြန်တဲ့သူက ဆက်မပြန်တော့ဘူးဆိုလို့ Vကဆက်ပြီး ဘာသာပြန်မှာပါ💜 အပိုင်း၁၀၀ကနေစပြီး ဘာသာပြန်မှာပါ😊🥰 ဒီNovelလေးကို ဖတ်ဖူးကြမယ်ထင်ပါတယ် အရင်ဘာသာပြန်တဲ့သူက ဆက်မပြန်တော့ဘူးဆိုလို့ Vကဆက်ပြီး ဘာသာပြန်မှာပါ💜 အပိုင်း၁...