Chapter 119

3.8K 675 13
                                    

Zawgyi
{ မင်းကို ဒီနေရာမှာပဲ စောင့်နေမယ် - ၂}

ခေတ္တအကြာတွင် အဖိုးလုသည်လည်း နိုးလာခဲ့လေတယ်။ ညသန်းခေါင်ယံတွင် လုအိမ်မှမောင်းထွက်သွားသောကားတစ်စီးကို မီးမှိန်မှိန်ပျပျအောက်တွင် တွေ့လိုက်လေသည်။

အဖိုးလုသည် သူ့ရဲ့ကြိမ်တုတ်ကောက်ကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း " ဘာဖြစ်တာလဲ။ ဆရာဝန်ပြောထားတဲ့ မွေးမယ့်နေ့က နောက်တစ်ပတ်မှ မဟုတ်ဘူးလား။ "

အမေလုသည် သက်ပြင်းအကြိမ်ကြိမ်ချလိုက်မိပြီး " ကျန်းကျန်းက သဘက်ခါလောက်ကစပြီး ကလေးမွေးပြီးတဲ့အထိ ဆေးရုံမှာပဲ နေလိုက်ဖို့ စီစဉ်ထားပြီးသားပါ။ ဒီနေ့ည ရုတ်တရက်ကြီး ဒီလိုထဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားမိဘူးလေ။ စိတ်မပူပါနဲ့။ ကျန်းကျန်းဆေးရုံကိုရောက်တဲ့အချိန်ဆို အားလုံးအဆင့်သင့်ဖြစ်နေလောက်ပါပြီ။ အဖေက အခုပြန်အိပ်လိုက်ပါနော်။ မနက်ကြမှ ကျန်းကျန်းဆီလိုက်ခဲ့ပါ "

အဖိုးလုသည် သူ့လက်ထဲမှ တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ တစ်ချက်ဆောင့်လိုက်ကာ " ငါက ဘယ်လိုလို့အိပ်ပျော်ပါ့မလဲ။ အချိန်ဖြန်းမနေနဲ့။ လိုအပ်တာတွေ ပြင်ဆင်ပြီး ဆေးရုံကိုပို့လိုက်။ ဆေးရုံမှာ မရှိတဲ့လိုအပ်တဲ့ပစ္စည်းရှိနေရင် ဝယ်လိုက် "

" ဟုတ် သမီး ပြင်လိုက်ပါ့မယ် " အမေလုသည် အိမ်တော်ထိန်းကို အချက်ပြလိုက်ပြီးနောက် ထွက်သွားတော့သည်။

ခန့်မှန်းရက်ထက် စောမွေးတာမျိုးဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟု ပြောလို့ရသည်။

လုပေရွှမ်းသည် ရီကျန်းအတွက် အကောင်းဆုံးသားဖွားဆေးရုံကို စီစဉ်ပေးခဲ့၏။ ထိုဆေးရုံဟာ လုနဲ့အဆက်အသွယ်ရှိတဲ့ဆေးရုံဖြစ်တာကြောင့် လုပေရွှမ်းဆီမှ ဖုန်းရတာနဲ့ ဆေးရုံရှိအကောင်းဆုံးအခန်းနဲ့ ဌာနမှူး(ဆရာဝန်)တစ်ယောက် စီစဉ်ပေးထားလေတယ်။

ရီကျန်းရဲ့အခြေအနေသည် ယခုအထိ ပြန်မကောင်းလာသေးပေ။ သူမရဲ့တစ်ကိုယ်လုံးတွင် ချွေးတို့ရွဲရွဲစိုလို့နေပြီး သူမကို ချီလာခဲ့ရသောလုပေရွှမ်းရဲ့အင်္ကျီတို့မှ ချွေးတို့ စိုရွဲနေခဲ့ပေသည်။ ရီကျန်းဟာ နာကျင်လွန်းတာကြောင့် အော်ဟစ်နေခဲ့ရပေ၏။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now