Chapter 205 to 206

2.3K 379 4
                                    

Zawgyi
Chapter 205
{ လူငယ်ဒါရိုက်တာနှင့် တွေ့ဆုံခြင်း - ၁ }

" မင်းလုပ်ချင်တာ လုပ်လိုက်ပါ... တကယ်လို့ အမြတ်ရရင်တော့ အားလုံးက မင်းအတွက်ပဲ... အကယ်၍ရှုံးသွားခဲ့ရင်တော့ ကိုယ့်ပိုက်ဆံထဲက ရှုံးတယ်လို့ပဲ တွေးလိုက်... "

ရီကျန်းတစ်ယောက် လုပေရွှမ်းရဲ့စကားကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားမိသည်ကတော့ အမှန်ပင်... " ရှင် ဘာလို့ ကျွန်မအပေါ်  အဲ့လောက်တောင်ကောင်းနေရတာလဲ..? "

လုပေရွှမ်းဟာ ဇနီးဖြစ်သူရဲ့အမေးကြောင့် ပြန်ပြောရာစကားပျောက်ရှသွားခဲ့နောက် စက္ကန့်ပိုင်းမျှ မြန်မြန်ဆန်ဆန်တွေးတောလိုက်ပြီး " ကိုယ်က မင်းရဲ့အမြင်ကို ယုံကြည်လို့ပါ... "

ရီကျန်းက ချက်လက်မှတ်ကို ပြန်ကြည့်လိုက်ပြီးနောက် စိတ်လေးလံသည့်မျက်နှာပုံစံဖြစ်သွားတာကြောင့် လုပေရွှမ်းက မေးလိုက်လေ၏... " ဘာဖြစ်လို့လဲ "

ရီကျန်းသည် အနှီအမျိုးသားရဲ့အမေးကို ပြန်မဖြေသေးဘဲ ခေတ္တမျှတွေးတောနေခဲ့ပြီး " တကယ်လို့ ကျွန်မက ရှင့်ကို ထားခဲ့တာပဲဖြစ်ဖြစ် ကျိုးကျိုးလေးကို ဖျက်ချခဲ့တာပဲဖြစ်ဖြစ် လုပ်ခဲ့မိရင် ရှင် ကျွန်မကို အခုလိုကောင်းကောင်းမွန်မွန်ဆက်ဆံနေအုံးမှာလားဟင်... "

ရီကျန်း၏ထူးထူးဆန်းဆန်းအမေးကြောင့် လုပေရွှမ်းဟာ ပိုလို့ပင် စိုးရိမ်သွားမိလေသည်... " တစ်ခုခုဖြစ်ခဲ့လိုလား!? "

" ထွေထွေထူးထူးတော့ မဟုတ်ပါဘူး... ဒီနေ့ကျွန်မက မစ္စမိန့်ကို ကားပါကင်ပြန်လိုက်ပို့ချိန်မှာ ယူကျန်းက မိန့်ကျဲကို သူ့ခံစားချက်တွေကို ပြောပြနေတာတွေ့ခဲ့လို့လေ... သူက မစ္စမိန့်ကို လေးနှစ်တောင် နာမည်ပျက်စာရင်းတင်ထားခဲ့ပြီးပြီပဲ... မစ္စမိန့်ကို ပြန်မရနိုင်တော့ဘူးဆိုတာ သိသားနေပြီ... သူက မစ္စမိန့်ကို ပြောလို့မရတော့ ကျွန်မကိုပါ ခြိမ်းခြောက်လိုက်သေးတယ်... ဥက္ကဋ္ဌလု တကယ်လို့ ရှင်က... "

ရီကျန်းရဲ့စကားမဆုံးခင်တွင် လုပေရွှမ်းဟာ မျက်မှောင်ကျုံ့လိုက်ရင်း စကားဖြတ်ပြောလိုက်လေ၏... " ယူကျန်းက မင်းကို ဘာပြောလိုက်လဲ!?? ကိုယ့်ကိုပြော... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now