Chapter 203 to 204

2.2K 405 4
                                    

Zawgyi
Chapter 203
{ ယူကျန်းသည် မိန့်ကျဲရှေ့တွင် ယုံကြည်မှုကင်းမဲ့တတ်သည် - ၂ }

ရီကျန်းသည် မိန့်ကျဲကို သူမရဲ့ကားဆီသို့ လိုက်ပို့ပေး၏... သူမတို့နှစ်ဉီး လုကော်ပိုရေးရှင်းရဲ့အပြင်သို့ရောက်ချိန်၌ မိန့်ကျဲ၏ကားရှေ့တွင် ငြွေဖူရောင်အားကစားကား( sports car )တစ်စီးရှိနေခဲ့လေသည်... ထိုကားရဲ့ကားမောင်းသူက မိန့်ကျဲကို မြင်သွားသောအခါ ကားမှန်ကိုချလိုက်လေတယ်... ကားမှန်ချလိုက်ချိန်တွင် တွေ့လိုက်ရသောမျက်နှာကို ရီကျန်း မရင်းနှီးပါလေ...

ထိုသူကို မြင်သွားသောမိန့်ကျဲသည်လည်း ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရီကျန်းဘက်သို့ ပြုံးလျက် လှည့်ကြည့်လိုက်ပြီး " မစ္စလု... အရင်ပြန်ဝင်နှင့်ပါ... ဒါရိုက်တာနန်နဲ့ပတ်သက်ပြီး ကျွန်မ မကြာခင် မစ္စလုကို ဆက်သွယ်လိုက်ပါ့မယ်... "

ရီကျန်းက ငြွေဖူရောင်အားကစားကားထဲမှ အမျိုးသားကို သေချာလှမ်းလိုက်သောအခါ ထိုအမျိုးသားသည် သူ့ဒေါသကို မနည်းပြန်ဖိနှိပ်ထားနေသလိုပင်... ရီကျန်းသည် မိန့်ကျဲက အပြင်မှတခြားသူများ ဝင်ရောက်မည်ကို မလိုလားမှန်း သိပေ၏...

ရီကျန်းသည် ယူကျန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် " ကောင်းပါပြီ... ကျွန်မ အရင်ပြန်ဝင်နှင့်ပါ့မယ်... မစ္စမိန့်လည်း ဂရုစိုက်ပါ... " သူမသည် ထိုသို့ပြောကာ မိန့်ကျဲအား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး လုကော်ပိုရေးရှင်းထဲသို့ ပြန်ဝင်ရန် လှည့်သွားလေသည်...

ယူကျန်းသည် ကားထဲမှ ပျင်းရိစွာထွက်လာခဲ့ပြီးနောက် ရီကျန်းအား ဒေါသဖြင့် စိုက်ကြည့်လိုက်ရင်း " ဒီမှာ မစ္စလု... ကျုပ် ခင်ဗျားကို အကြံတစ်ခုပေးလိုက်မယ်... ဖျော်ဖြေရေးလောကရဲ့အပြင်ကလူတွေက အဲ့လောက,ကကိစ္စတွေကို ဝင်မစွက်ဖက်သင့်ဘူး... ခင်ဗျားရဲ့အရင်းအနှီးတွေ မဆုံးရှုံးချင်ရင် သတိထားနေလိုက်!! "

ရီကျန်းသည် အနှီအမျိုးသား၏ခြိမ်းခြောက်မှုကို မြူတစ်မှုန်မျှလောက်တောင် မကြောက်ရွံ့ပါချေ... သူမဟာ တစ်ချက်လေးမျှ မကြောက်ရွံ့သွားခဲ့ဘဲ ယူကျန်းရှိရာဘက်သို့ ပြန်လှည့်လိုက်ကာ " မစ္စယူ... ကျွန်မကလည်း ရှင့်ကို အကြံတစ်ခုပြန်ပေးလိုက်ပါ့မယ်... ရှင်အားယားနေတိုင်း တခြားသူတွေကို အနိုင်ကျင့်မနေနဲ့...  အဲ့လိုသာအမြဲလုပ်နေရင် ရှင်တစ်နေ့သတိလွတ်သွားတဲ့အခါ အရှုံးကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now