Chapter 139+140

3K 585 5
                                    

Zawgyi
Chapter 139
{ မင်းသမီးအဖြစ် တစ်ရက်၊ ဧကရီအဖြစ် ဆယ်လ၊ ဆက်ခံသူအဖြစ် တစ်လ - ၂ }

အမေလုသည် ကလေးကို ဆေးထိုးပေးပြီးနောက် အခန်းသို့​ပြန်လာခဲ့လေတယ်... အခန်းထဲ၌ ဝီလီယံကို တွေ့လိုက်ရတဲ့အခါ လွန်စွာဝမ်းသာသွားခဲ့လေတယ်...

ဝီလီယံသည် လုပေရွှမ်း ကိုမာဝင်နေချိန်က အမေလုအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့သူပင်...  လုပေရွှမ်း သက်သာသွားချိန်၌ အမေလုသည် ဝီလီယံကို ကျေးဇူးတင်စကားပြောဖို့ အချိန်မရလိုက်ချေ... ဝီလီယံက နိုင်ငံခြားသို့ ထွက်သွားခဲ့သောကြောင့်ဖြစ်သည်...

" Dr.ဝီလီယံ မတွေ့ရတာတောင် ကြာပြီကွယ်... ဟိုးတစ်ခါက ပေရွှမ်းကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးစကားတောင် မပြောရသေးဘူး... ဒီတစ်ခါတော့ ကျေးဇူးတင်ခွင့် ပြုတာအုံး "

" အန်တီကလည်းဗျာ မလိုပါဘူးဗျ... ကျွန်တော်က ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ကို လုပ်ခဲ့ရုံပါ... "

အမေလုသည် သူသားနှင့်ရွယ်တူဖြစ်သောဝီလီယံကို မိခင်မေတ္တာအပြည့်ဖြင့် ကြည့်နေခဲ့လေတယ်...

" ဒါက ပေရွှမ်းရဲ့ကလေးလား? "

" ဟုတ်တယ်ကွဲ့... ကလေးကို ချီကြည့်မလား သား... "

ထိုအခါ ဝီလီယံဟာ ခေါင်းညိမ့်ပြပြီး အမေလုလက်ထဲမှ ကလေးကို အသေအချာ ချီယူလိုက်ချေ၏။ ကလေးပုစိလေးဟာ နှုတ်ခမ်းလေး တလှုပ်လှုပ်ဖြင့် အိပ်မောကျလို့နေလေတယ်...

ထိုကလေးလေးကို ကြည့်ရင်းဖြင့် ဝီလီယံသည် တစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုပြီး ကလေးတစ်ယောက်မွေးချင်သွားမိပေသည်...

သို့သော် ထိုအခြင်းအရာတို့ဟာ စိတ်ကူးနှင့်သာ ပျော်ရွှင်နိုင်ပြီး လက်တွေ့တွင်တော့ ခက်ခဲလွန်းလှသည်...

အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဝီလီယံသည်လည်း ပြန်သွားခဲ့ပေ၏။ ထိုချိန်တွင် လုပေရွှမ်းဟာ ရီကျန်းအား
" မင်းမှာ သူငယ်ချင်းရှိလား... မင်းဆီကို လာလည်နိုင်မယ့်သူမျိုးပေါ့...  "

ရီကျန်းသည် တစ်ခါတစ်ရံတွင် ဆေးရုံ၌ တစ်ယောက်တည်းဖြစ်နေတတ်တာကြောင့် အထီးကျန်နေမည်ကို လုပေရွှမ်းက စိုးရိမ်သောကြောင့် မေးခြင်းဖြစ်သည်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now