Chapter 115

3.3K 500 5
                                    

{Zawgyi}
{ အိမ်ပြန်ရောက်ရင် ရှင်းပြမယ် - ၄ }

ရှန်းရှုသည် ချန်းဝမ်ရဲ့အင်္ကျီလက်ကို ဆွဲဆောင့်လိုက်ကာ ပွစိပွစိပြောနေခြင်းကို ရပ်ခိုင်းလိုက်လေသည်။

" ကျန်းကျန်း၊ အန်တီပြောတာကို ဘယ်လိုသဘောရ... "

ရှန်းရှုရဲ့စကားမဆုံးခင်မှာပဲ နောက်ထပ် သက်လတ်ပိုင်းအမျိုးသမီးကြီးတစ်စုဟာ သူတို့သားသမီးများကို ဆွဲခေါ်ပြီး ရီကျန်းရှေ့သို့ ရောက်လာကြပြန်တယ်။

ထိုအုပ်စုသည် သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရီကျန်းကို မိတ်ဆက်ကြလေသည်။

" ကျန်းကျန်း၊ အန်တီက သမီးရဲ့ဒုတိယဒေါ်လေးပါ။ သမီးအဖေ, ညီရဲ့မိန်းမလေ။ လွန်ခဲ့တဲ့နှစ်တုန်းက သမီးကို စာအိတ်နီပို့ပေးဖူးတဲ့တစ်ယောက် " ထိုသို့ပြောပြီးနောက်တွင် ဒုတိယဒေါ်လေးဆိုသောအမျိုးသမီးဟာ သူ့ထက် အရပ်ပိုရှည်သောသားဖြစ်သူဘက်သို့ လှည့်လိုက်ကာ " သူကအန်တီ့သား ရီလင်း။ သမီးတို့ ငယ်ငယ်တုန်းက ကစားဖော်ကစားဖက်တြွေဖစ်ဖူးကြတယ်လေ။ သမီး မှတ်မိတယ်မလား "

ထို့နောက်တွင် နောက်ထပ်အမျိုးသမီးတစ်ဉီးက  " အန်တီက သမီးအဖေရဲ့ညီမအငယ်ဆုံးပါ။ အန်တီကို မှတ်မိတယ်မလား။ သမီးငယ်ငယ်ကဆို အန်တီ့ကို အရမ်းခင်တွယ်တာလေ။ အန်တီက အလုပ်ကိစ္စကြောင့် အဝေးကို ရောက်သွားတာ ၁၀နှစ်လောက်ကြာပြီဆိုတော့ အန်တီ့ကို ဘယ်မှတ်မိပါ့မလဲ "

ပြီးနောက်တွင် နောက်ထပ်အမျိုးသမီးတစ်ယောက်ကလည်း  " ကျန်းကျန်းရေ အန်တီက သမီးအမေဘက်ကအမျိုးပါ။ သမီးဗိုက်ကို ပြပါအုံး "

ထိုအခါ ဒုတိယဒေါ်လေးဆိုသောအမျိုးသမီးကြီးက " ကျန်းကျန်းရဲ့ကိုယ်ဝန်က အခုမှတစ်လပဲရှိသေးတာ ဘယ်လိုလို အကောင်အထည်ပေါ်သေးပါလဲ " ထိုသို့ဆိုရင်း ရီကျန်းဘေးတွင် ဝင်ထိုင်ကာ ရီကျန်းရဲ့လက်ကို ကိုင်ထားပေသည်။

ထိုနောက်တွင် ထိုအမျိုးသမီးကြီးကပဲ စကားဆက်လေတယ်။
" ကျန်းကျန်း၊ အန်တီတို့က ကိုယ်ဝန်ဆောင်ခဲ့ဖူးတော့ နားလည်တယ်။ ကိုယ်ဝန်ဆောင် ပထမဆုံးလမှာ ကလေးက အကောင်အထည်မပေါ်သေးတော့ သေချာဂရုစိုက်ပေးရတယ်။ သမီးကိုယ်သမီးရော ဗိုက်ထဲက ကလေးလေးကိုရော သေချာဂရုစိုက်နော် "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now